Videos
ပူတင်နှင့်ဂူတားရက်စ်တွေ့ဆုံကာယူကရိန်းအရေးဆွေးနွေး (ရုပ်သံ)
မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် သည် ဧပြီ ၂၆ ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ကရင်မလင်နန်းတော်၌ ယူကရိန်းအရေးနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့သည်။
ပူတင်က ဂူတားရက်စ်အား “ယူကရိန်းပြဿနာသည် ၂၀၁၄ ခုနှစ် ၌ ကိဗ်မြို့ ၌ “ဖွဲ့စည်းပုံဥပဒေအရမဟုတ်ဘဲ အာဏာသိမ်းယူမှု”ဖြစ်စဉ်ပြီးနောက်စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒွန်းဘတ်စ်ဒေသမှ ပြည်သူများအပေါ် ပိတ်ဆို့မှုများလုပ်ခဲ့ကြောင်းနှင့် ငြိမ်းချမ်းစွာ အခြေချမည့် Minsk သဘောတူညီချက်လုပ်ဆောင်ပြီးနောက်တွင် စစ်ရေးဖိနှိပ်မှုများရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းထောက် Chen Qiang က
“ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်ဟာ မူအရ ယူကရိန်းနိုင်ငံ Mariupol မှာရှိတဲ့ Azovstal စက်ရုံက အရပ်သားတွေ ထွက်ခွါရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC တို့ ပါဝင်ကူညီ ဆောင်ရွက်ဖို့သဘောတူညီခဲ့ပါတယ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ကုလသမဂ္ဂရဲ့ ယူကရိန်းအရေး ရပ်တည်ချက်ကို အလေးအနက်ထားပြောကြားကာ မာရီယူပိုးလ်မြို့ အခြေအနေနဲ့ စပ်လျဉ်းပြီး လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးနှင့်အရပ်သားများထွက်ခွာရေး အဆိုပြုချက်များကိုဆွေးနွေးခဲ့ကြပါတယ်” ဟုဆိုသည်။
ပူတင်နှင့်ဆွေးနွေးမှုမပြုခင် ဂူတားရက်စ်က ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အလုပ်သဘော ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
Lvarov နှင့်ဆွေးနွေးပြီးနောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂူတားရက်စ်က ၎င်းအနေဖြင့် ရုရှား၊ ယူကရိန်းနှင့် ကုလသမဂ္ဂတို့ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဆက်အသွယ်ပေးရေး အဖွဲ့တစ်ခုကိုထူထောင် ရန်၊ ဘေးကင်းသည့် လမ်းကြောင်းများကိုဖွင့်လှစ်နိုင်မည့်အခွင့်အရေးများကိုရှာဖွေရန်၊ ပြည်တွင်းစစ်ရပ်စဲရန်နှင့် ယင်းလုပ်ဆောင်ချက်များသည်အမှန်တကယ် ထိရောက်မှုရှိသည်ကိုအာမခံရန်စသဖြင့် အဆိုပြုခဲ့ကြောင်းပြောကြားခဲ့သည်။
ဆင်ဟွာသတင်းထောက်များက မော်စကိုမြို့မှသတင်းပေးပို့နေခြင်းဖြစ်သည်။(Xinhua)
………………………………….
(English Version)
GLOBALink | Putin, UN chief meet to discuss Ukraine
Russian President Vladimir Putin met with visiting United Nations (UN) Secretary-General Antonio Guterres in the Kremlin on Tuesday to discuss the situation in Ukraine.
Putin told Guterres that the Ukrainian issue arose after the 2014 “unconstitutional coup” in Kiev and people in Donbass remained under blockade and military pressure even after the Minsk agreements on a peaceful settlement were reached.
STANDUP (English): CHEN QIANG, Xinhua correspondent
“Russian President Vladimir Putin has agreed in principle to the involvement of the United Nations and the International Committee of the Red Cross (ICRC) in the evacuation of civilians from the Azovstal plant in Mariupol of Ukraine.
UN Secretary-General Antonio Guterres reiterated the position of the United Nations on Ukraine, and they discussed the proposals for humanitarian assistance and evacuation of civilians in relation to the situation in Mariupol.
Before his talks with Putin, Guterres held a working meeting with Russian Foreign Minister Sergei Lavrov.
At a press encounter after his meeting with Lavrov, Guterres said he had proposed the establishment of a Humanitarian Contact Group, bringing together Russia, Ukraine and the United Nations, to look for opportunities for the opening of safe corridors, with local cessations of hostilities, and to guarantee that they are actually effective.
Xinhua News Agency correspondents reporting from Moscow.
(XHTV)