E20 လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်ယာဉ်ပျံ (eVTOL) ၏ ချောမွတ်တောက်ပြောင်၍ ငွေမင်ရောင်ရှိသော ပကတိပုံစံမှာ တရုတ်နိုင်ငံအနေဖြင့် သုံးဘက်မြင်ပုံစံ ကူးလူးသွားလာမှု နယ်ပယ်သို့ ရဲရဲဝံ့ဝံ့ ထိုးဖောက်ဝင်ရောက်နေခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ ထိုယာဉ်ပျံမှာ ကီလိုမီတာ ၂၀၀ အကွာအဝေးအထိ သွားလာနိုင်သလို အမြင့်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၃၂၀ ကီလိုမီတာနှုန်းဖြင့် သွားလာနိုင်ကြောင်း...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ်နှင့် လူငယ်ပဒေသာ အနုပညာ ဖျော်ဖြေရေးပွဲကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ (Xinhua)
လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်မှာ ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်၌ ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက်၌ ထုတ်ပြန်သည့် ပွဲစဉ်ဇယားအရ သိရသည်။
ထျန်းကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) စက်ရုပ်ခွေးများနှင့် အမွှေးပွခွေးလေးများအတူပါဝင်သော ထူးခြားပြောင်မြောက်သည့် ပြသမှုတစ်ခုပြုလုပ်ခဲ့သော ထျန်းကျင်းဖက်ရှင်ရက်သတ္တပတ်က ထူးခြားသော ဖက်ရှင်ပြပွဲတစ်ခုကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုခံစားနိုင်သည်။ (Xinhua) …………………………………….. (English Version) Robot dogs walk Tianjin runway with furry counterparts...
ကွမ်ကျိုး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် ကံကောင်းခြင်း၏ သင်္ကေတဖြစ်သော ရောင်စုံငါးကြင်းလေးများက ကြက်သွေးရောင်အသီးများစွာသီးနေသော လိုင်ချီးပင်အောက်ရှိ ရေကန်ငယ်များတစ်လျှောက် ကူးခတ်ရွေ့လျားနေသည်ကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) #KoiFish #Lychee #Guangdong #Summer #Magic #ရောင်စုံငါးကြင်းများ #လိုင်ချီးပင် #ကွမ်တုန်း #နွေရာသီ...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) “စည်းကြပ်ခွန် သက်သာခွင့်” ဟူသော အရာအတွက် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေလျက် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရယူမည့် မည်သည့်နိုင်ငံကိုမဆို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၈ ရက်၌...
လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အသင်းအား ၂၇ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ရလဒ်များ ဆိုးရွားခဲ့ကာ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် နည်းပြဖြစ်သူ ရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း လက်စတာစီးတီးအသသင်းက ဇွန် ၂၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။
နယူးယောက်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ဇွန် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ချဲလ်ဆီးက ဘင်ဖီကာအား အချိန်ပိုတွင် သုံးဂိုးသွင်းယူကာ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပါလ်မီးရက်စ်ကလည်း ဘိုတာဖိုဂိုအား ပွဲကစားချိန် မိနစ် ၁၀၀ တွင် သွင်းယူခဲ့သည့် ပေါ်လင်ဟို၏...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တိုင်းရင်းသားမျိုးနွယ်စု သွေးစည်းညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ ပိုမိုပျော်ရွှင်ဖွယ်ကောင်း၍ ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးကြရန် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာတစ်ရွာမှ ရွာသူ၊ရွာသားများကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်သော ရေတပ်စစ်ရေယာဉ်စုမှာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်၏ ခွင့်ပြုချက်အရ ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဟု ဇွန် ၂၈ ရက် တရားဝင်ကြေညာချက်အရ သိရသည်။