ကိုင်ရို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အီဂျစ်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Ahmed Khalifa က ဂါဇာကမ်းမြောင်ဒေသနှင့် ထိစပ်နေသော နယ်စပ်တွင် လုံခြုံရေးအစီအမံများအား စက်တင်ဘာ ၅ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း အီဂျစ်စစ်တပ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ အီဂျစ်စစ်တပ်၏ အဓိကတာဝန်မှာ ဗျူဟာမြောက်လမ်းကြောင်းများအားလုံးရှိ နိုင်ငံ၏...
ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီးအစည်းအဝေးက ပြီးပြည့်စုံသောအောင်မြင်မှု ရရှိခဲ့သည်ဟု စက်တင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yacine Fall...
ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ မှားယွင်းသောလုပ်ရပ်များကို ပြန်လည်ပြင်ဆင်ကာ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ထပ်တိုးသတ်မှတ်မှုအားလုံးကို ချက်ချင်းဖယ်ရှားပေးသင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ သွင်းကုန်များအား ပုဒ်မ ၃၀၁ အရ...
ကိပ်တောင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) POWERCHINA ၏ ကုမ္ပဏီခွဲ SEPCOIII Electric Power Construction Corporation က တည်ဆောက်လျက် ရှိသည့် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော Redstone ဆိုလာအပူစွမ်းအင်စက်ရုံ (CSP) စီမံကိန်းက အာဖရိက ဆာဟာရဒေသခွဲတွင် ပထမဆုံး...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၅၁၇ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၀၇၇,၁၇၁ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၆.၉.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ဟဲဖေး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) နိုင်ငံတကာ လကမ္ဘာသုတေသနစခန်းဖွင့်လှစ်ရန် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော အဆိုပြုချက်က ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အသစ်များ ရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် Tunxi ခရိုင်၌ စက်တင်ဘာ ၅ ရက်က ကျင်းပသည့် နှစ်ရက်ကြာ အာကာသဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ၏ အာကာသအေဂျင်စီနှင့်...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) -ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တွေ့ရှိပြီးနောက် အိန္ဒိယနိုင်ငံ ဩဒိဿပြည်နယ်၌ အကြံပြုချက် ထုတ်ပြန် -တိုင်ဖွန်းမုန်တိုင်း Yagi နီးကပ်လာသဖြင့် ဟောင်ကောင်အစိုးရအဖွဲ့ အလုံးစုံပြင်ဆင်မှုများ ပြုလုပ်ထား -အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းတွင် မီနီဘတ်စ်တစ်စီး တိမ်းမှောက်ကာ လူ ၁၇ ဦး ဒဏ်ရာရရှိ...
အန်ကာရာ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တူကီယဲနှင့် အီဂျစ် နှစ်နိုင်ငံတို့က ပါလက်စတိုင်းအရေးတွင် တူညီသောသဘောထားရှိကြောင်း စက်တင်ဘာ ၄ ရက်၌ တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်သည် မြို့တော် အန်ကာရာ၌ အလည်အပတ်ရောက်ရှိနေသော အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီနှင့်...
ထျန်းကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံစိမ်းထုတ်လုပ်ရေးအခြေစိုက်စခန်းဖြစ်သည့် ပေါဟိုင်ရေနံမြေတွင် နေ့စဉ် ရေနံစိမ်းထွက်ရှိမှုက တန်ချိန် ၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး ရေနံမြေ၏ နှစ်ပေါင်း ၆၀ နီးပါးသမိုင်းတွင် စံချိန်တင်မြင့်တက်မှု ဖြစ်ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ထျန်းကျင်းရုံးခွဲက ပြောကြားခဲ့သည်။ (Xinhua)...
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အာဖရိကနှင့်အတူ လာမည့်သုံးနှစ်တာကာလအတွင်း ခေတ်မီအသွင်ပြောင်းမှု ပူးတွဲအဆင့်မြှင့်တင်ရေးအတွက် မိတ်ဖက်လုပ်ငန်းအစီအစဉ် ၁၀ ခု အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်တွင် နေထိုင်ကြသည်။...