Connect with us

Media

ဂျာမနီနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် လူ ၁၀၀ ကျော်သေဆုံး

ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူပေါင်း ရာနှင့်ချီပျောက်ဆုံးလျက်ရှိ‌ကြောင်းသိရသည်။ရေလွှမ်းမိုးမှုပြင်းထန်စွာခံခဲ့ရသည့် ပြည်နယ်နှစ်ခုဖြစ်သည့် North Rhine-Westphalia နှင့် Rhineland-Palatinate တို့တွင် သေဆုံးသူအရေအတွက်မှာ ၄၃ ဦး နှင့် ၆၀ ဦး အထိအသီးသီးရှိခဲ့သည်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သောကြာနေ့တွင် တပ်ဘက်ဘေးအန္တရာယ်ဆိုင်ရာ အသိပေးချက်ထုတ်ပြန်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရန် စစ်သား ၈၅၀ ကျော် စေလွှတ်ခဲ့သည်။

ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် လူဇင်ဘတ်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးမှုများကြောင့် အပျက်အစီးများစွာဖြစ်ပေါ်ခဲ့ရသည်။ဥရောပတိုက်အနောက်ပိုင်းတွင် သောကြာနေ့အထိ ရေလွှမ်းမိုးမှုကြောင့်သေဆုံးသူဦးရေ ၁၂၀ ကျော်ရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.