Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး ပင်မသွေးကြောများအား ဖြတ်တောက်မှုမရှိဘဲ နှလုံးအစားထိုးကုသမှု အောင်မြင်

ကွမ်ကျိုး၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ဆွန်ယက်ဆင် တက္ကသိုလ် ပထမမြောက် စုပေါင်းဆေးရုံကြီး၌ နှလုံးခုန် နေစဉ် အစားထိုးကုသမှုအောင်မြင်ခဲ့ကြောင်းသိရသည်။ ယင်းနည်းပညာမှာ နှလုံးအစားထိုးကုသနေစဉ်အတွင်း နှလုံးပင်မသွေးကြောများအား ဖြတ်တောက်မှုမရှိဘဲ ကမ္ဘာ့ပထမဆုံး ခွဲစိတ်ကုသအောင်မြင်မှုဖြစ်သည်။

ဆေးရုံ၏ လက်ထောက်ဆေးရုံအုပ် He Xiaoshun က ယခု နည်းပညာမှာ အလှူရှင်၏ နှလုံးလုပ်ဆောင်ချက်အား ကာကွယ်ရာရောက်ပြီး နှလုံးအစားထိုးကုသခြင်းလုပ်ဆောင်ရာတွင် အကျိုးကျေးဇူးများပြားစေသည့်အပြင် နှလုံးလက်ခံမည့် လူနာအတွက် အသက်ရှင်နှုန်းများပြားစေသော ကြောင့် ဆန်းသစ်ကောင်းမွန်သည့် နည်းစနစ်တစ်ခုဖြစ်ကြောင်းဆိုသည်။

ဆွန်ယက်ဆင်တက္ကသိုလ်ဆေးရုံသည် ၂၀၁၇ ခုနှစ်တွင် ပင်မသွေးကြောမဖြတ်တောက်ဘဲ အသည်းအစားထိုးခြင်းအားလည်းကောင်း ၂၀၁၈ ခုနှစ်တွင် ပင်မသွေးကြောမဖြတ်တောက်ဘဲ ကျောက်ကပ်အစားထိုးခြင်းအားလည်းကောင်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။(Xinhua)
……………………………………..
(English Version)
GLOBALink | China completes world’s 1st ischemia-free heart transplant surgery

GUANGZHOU, July 18 (Xinhua) — The First Affiliated Hospital of Sun Yet-sen University in Guangzhou, the capital of south China’s Guangdong Province, has recently completed the world’s first ischemia-free heart transplant surgery.

The technique allows the heart to continue beating with continuous blood supply during the surgery.
He Xiaoshun, the vice president of the hospital, said that the ground-breaking method could protect the donor heart’s function to the greatest extent, improve the effect of the transplantation and increase the survival rate of recipients.

The hospital has successfully performed ischemia-free liver transplantation in 2017 and ischemia-free kidney transplantation in 2018.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.