Connect with us

Media

တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လေးလမ်းသွား အမြန်လမ်း တည်ဆောက် မည်

ဒါကာ ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် မြို့တော် ဒါကာမြို့၏ အရှေ့ဘက်ပိုင်းရှိ အဓိကလမ်းကြောင်းတစ်ခုအား လေးလမ်းသွား အမြန်လမ်းအဖြစ် ပြောင်းလဲရန် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ နှင့် ဇန်နဝါရီ ၉ ရက်တွင် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်း နှင့် အဝေးပြေးလမ်းမဌာန(RHD) အင်ဂျင်နီယာချုပ် Abdus Sabur နှင့် တရုတ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းအဖွဲ့ (CCCCL) နှင့် တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း(CRBC) တို့၏ ကိုယ်စားလှယ်တစ်ဦးတို့သည် ဒါကာမြို့၌ ပြုလုပ်သည့် အခမ်းအနားတွင် စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တရုတ်ကုမ္ပဏီ လုပ်ငန်းအဖွဲ့သည် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု (PPP ) အခြေခံပြီး လေးလမ်းသွား စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
သဘောတူညီချက်အရ တရုတ်ကုမ္ပဏီ အစုအဖွဲ့သည် PPP ပုံစံဖြင့် လာမည့် ၂၅ နှစ်အတွက် အမြန်လမ်းအား တည်ဆောက်ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းတွင် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့က ဘင်္ဂလားဒေ့ရှ်ငွေကြေး တာကာ ၂၀ ဒသမ ၉၄ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက တာကာ ၁၂ ဒသမ ၀၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
Bangladesh signs deal with Chinese consortium to build 4-lane expressway
DHAKA, Jan. 9 (Xinhua) — The Bangladeshi government Sunday signed a contract with a Chinese consortium to turn a major road in the eastern part of capital Dhaka into a four-lane expressway.
Abdus Sabur, chief engineer of Bangladesh’s Roads and Highways Department (RHD), and a representative of the consortium of China Communications Construction Company Ltd and China Road Bridge Corporation signed the contract at a ceremony in capital Dhaka.
The Chinese consortium will implement the construction work of the four-lane project on the public private partnership (PPP) basis.
Under the deal, the Chinese consortium will build and maintain the expressway for the next 25 years under the PPP model.
The consortium will invest 20.94 billion taka in the project, while the Bangladeshi government will invest 12.09 billion taka. (1 U.S. dollar equals about 86 taka) ■