Connect with us

Media

တရုတ်နိုင်ငံက ပင်လယ်ကူးအမြန်ရထားလမ်း၏ အဓိက တံတားကြီးတည်ဆောက်ပြီးစီးလုနီးပြီဖြစ်

ဖူးကျိုး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်အတွင်း ဖူကျိုးမြို့နှင့်ရှမန်မြို့တို့အား ချိတ်ဆက်ပြေးဆွဲမည့် ပင်လယ်ကူး မြန်နှုန်းမြင့်ရထားလမ်းပိုင်းရှိ အဓိက တံတားကြီး ၏ အခြမ်းနှစ်ခြမ်းအား ပြီးခဲ့သည့်သောကြာနေ့က ချိတ်ဆက်ပြီးစီးခဲ့ကြောင်းသိရသည်။

Quanzhou ပင်လယ်အော် ဖြတ်ကူး တံတားကြီးသည် ၂၇၇ ကီလိုမီတာအရှည်ရှိ ဖူကျိုး-ရှမန် အမြန်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရထားလမ်းကို ၂၀၂၂ ခုနှစ်တွင် စတင် အသုံးပြုရန်လျာထားသည်။

စီမံကိန်းအားအကောင်အထည်ဖော်နေသည့် CCCC Second Harbor Engineering Company Ltd.,မှ အင်ဂျင်နီယာချုပ် Weng Fangwen က အဆိုပါ တံတားမှာ တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကူး ခန်းဖွင့်အရှည်ဆုံး ကြိုးတပ်တံတားအမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၃၀၀ ကီလိုမီတာအမြန်နှုန်းထက် ကျော်လွန်ကာ သွားလာနိုင်မည်ဟုပြောကြားခဲ့သည်။

တံတားကြီး၏ အရှည်မှာ ၂၀.၂၉ ကီလိုမီတာခန့်ရှိပြီး ပင်လယ်ဖြတ်ကူးတံတားအပိုင်းမှာ ၈.၉၆ ကီလိုမီတာရှိသည်။
မြန်နှုန်းမြင့်ရထားလမ်းပြီးစီးချိန် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်သွားလာ မည်ဆိုပါက ဖူကျန့်ပြည်နယ်၏ မြို့တော် ဖူကျိုး နှင့် ခရီးသွားဧည့်သည်များစွာအား ဆွဲဆောင်သည့် ရှမန်မြို့တို့အကြား အချိန် တစ်နာရီအတွင်း သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

…………………………………………….
(English Version)

Main bridge of China’s cross-sea high-speed rail completes closure

FUZHOU, Aug. 8 (Xinhua) — The main bridge on a sea-crossing high-speed railway connecting the cities of Fuzhou and Xiamen in east China’s Fujian Province joined together on Friday.

The Quanzhou Bay cross-sea bridge is part of the 277-km Fuzhou-Xiamen high-speed railway. The railway is scheduled to go into operation in 2022.

Weng Fangwen, the chief engineer of the railway project at the CCCC Second Harbor Engineering Company Ltd., said the bridge is the country’s first long-span cable-stayed bridge across the sea with a traveling speed exceeding 300 km per hour.

The length of the bridge is about 20.29 km, with its sea bridge measuring 8.96 km in length.With a designed speed of 350 km per hour, the high-speed railway is expected to slash the travel time between the provincial capital Fuzhou and the tourist attraction Xiamen to within one hour.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.