Connect with us

Media

တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံအားကပ်ရောဂါတိုက်ဖျက်မှုတွင် အနိုင်ယူကာ တည်ငြိမ်အေးချမ်းသည့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း၊
တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng Boqing ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin တို့က မိန့်ခွန်းအသီးသီး ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က တရုတ်နိုင်ငံမှ အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို မြန်မာ-တရုတ် ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း အသီးသီး ပြောကြားပါသည်။

တရုတ်နိုင်ငံက ယခုအကြိမ် မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့မှုတွင် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine နောက်ထပ် အလုံးရေ ၁ သန်း နှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေးဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း၌ သီးသန့် အသုံးပြုမည်ဖြစ်ကာ အသေးစိတ်ကို ယူနန်ပြည်နယ်မှ တာဝန်ယူ ဖော်ဆောင်မည်ဖြစ်သည်။ တရုတ်နိုင်ငံက အထက်ပါ Vaccine နှင့် ပစ္စည်းများကို အသုတ်အလိုက်ခွဲ၍ မြန်မာနိုင်ငံ မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့်ဒေသများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံသို့ စေလွှတ်ကာ Vaccine ထိုးနှံရေး စသည့်လုပ်ငန်းများကို လမ်းညွှန်ပြသလျက်ရှိပါသည်။ (Xinhua)