Connect with us

Media

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအနေဖြင့် WHO ကျွမ်းကျင်သူများအား Fort Detrick ဓါတ်ခွဲခန်းသို့ဖိတ်ခေါ်၍ စစ်ဆေးခွင့်ပြုသင့်ကြောင်းဆို

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကျွမ်းကျင်သူများအားဖိတ်ခေါ်ကာ ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်ကိုနောက်ကြောင်းစုံစမ်းရန် Fort Detrick ဓါတ်ခွဲခန်းကို အမြန်ဆုံးစစ်ဆေးခွင့် ပြုသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် က ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာသို့အမှန်တရားကိုချပြရန် ထိုသို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက ဆိုသည်။ကျောက်က နေ့စဉ်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံများစွာမှ သတင်းမီဒီယာများ နှင့် ကျွမ်းကျင်သူများ၏ မေးခွန်းများစွာတိုးပွားလာမှု နှင့်အတူ အမေရိကန်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကိုနိုင်ငံအရေးအရ ခုတုံးလုပ်ခြင်းများအပေါ် ယခု ကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ လူတစ်ချို့သည် ၎င်းတို့၏ ကပ်ရောဂါ ကိုင်တွယ်မှု စွမ်းဆောင်ရည်နည်းပါးခဲ့ခြင်းကို အာရုံလွှဲပြောင်းရန် ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကို နောက်ကြောင်းပြန်ကာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် လုပ်ဆောင်လျက်ရှိ ကျောက် က ဆိုသည်။ “သူတို့ရဲ့ ဆိုးရွားလှတဲ့ရည်ရွယ်ချက်တွေ ကို ကြာကြာဖုံးကွယ်ထားလို့မရတော့ပါဘူး” ဟုဆိုသည်။အမေရိကန်ပြည်ထောင်စုသည် COVID-19 ကူးစက်ခံရမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်သလို ရောဂါ ကူးစက်ခံရမှုများ အစောပိုင်းကတည်းက ရှိနေခဲ့ကြောင်း နှင့် ယင်းမှာ Fort Detrick ဓါတ်ခွဲခန်းနှင့် ဆက်စပ်မှုရှိနေမည်လားဆိုသည့် ပဟေဠိမှာ ဆက်ရှိနေအုံးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ တကယ်လို့ ဓါတ်ခွဲခန်းတွေကို စုံစမ်းစစ်ဆေးဖို့တွေ ထပ်လုပ်စရာရှိသေးတယ်ဆိုရင် WHO အနေနဲ့ Fort Detrick ဓါတ်ခွဲခန်းကိုသာ သွားပြီးစစ်ဆေးသင့်ပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

———————————————-
GLOBALink | China urges U.S. to invite WHO experts to investigate Fort Detrick lab

A Chinese foreign ministry spokesperson on Monday urged the United States to invite World Health Organization (WHO) experts to investigate the Fort Detrick lab for coronavirus origin tracing as soon as possible.

The United States must do so to show the truth to the world, spokesperson Zhao Lijian said.
Zhao made the remarks at a daily news briefing in response to a question on the increasing amount of voices from the media and experts from multiple countries, criticizing the U.S. politicizing the issue of virus origin tracing.

Some people in the United States are bent on political manipulation under the pretext of virus origin tracing to divert attention and shift blame for a poor performance in their pandemic response, Zhao said, adding, “Their vicious motives have long been laid bare.”

He said the United States is the country with the most COVID-19 infections, the timeline of infection cases at the early stage in the United States is advancing, and that the correlation between Fort Detrick and vaping-related illnesses remains puzzling.
“If there are to be investigations on laboratories, the WHO should go to the Fort Detrick,” he said.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.