Connect with us

Media

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ ကာတာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ်ရောက်ရှိ

ကာတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဂေဟကာကွယ်ရေးစနစ် လျှပ်စစ်ကား ၁၀ စီးသည် ကာတာနိုင်ငံသို့ ဇွန် ၂၉ ရက်နေ့တွင် ပထမအသုတ်အဖြစ်ရောက်ရှိလာခဲ့ပြီး ထိုနေ့တွင်ပင် ကာတာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhou Jian နှင့် ကာတာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jassim bin Saif Ahmed Al-Sulaiti တို့သည် ဒိုဟာမြို့တွင် လျှပ်စစ်ကားအားဖြည့်စင်တာများကို ရှေ့ပြေးစီမံချက်အနေဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

ကာတာနိုင်ငံသည် ကမ္ဘာ့ဘတ်စ်ကားထုတ်လုပ်ရေး၌ ဦးဆောင်နေသည့် ကုမ္ပဏီများမှ တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ Yutong ကုမ္ပဏီနှင့်လည်း ကာတာနိုင်ငံတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘတ်စ်ကားမျာထုတ်လုပ်ပေးရန် သဘောတူညီမှုရရှိထားပြီး Yutong ကုမ္ပဏီသည် FIFA ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လျှပ်စစ်ဘတ်စ်ကား ၇၄၁ စီးအပါအဝင် ဘတ်စ်ကားပေါင်း ၁,၀၀၂ စီး ထုတ်လုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ကာတာနိုင်ငံအနေဖြင့် စိမ်းလန်းသော အနာဂတ်ပန်းဝန်းကျင်ကို ဖန်တီးခြင်းအား တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ အဆိုပါဘတ်စ်ကားများရောက်ရှိလာခြင်းသည် နိုင်ငံ၏ လျှပ်စစ်ကားမဟာဗျူဟာကို အားပေးမြှင့်တင်စေခြင်းလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
First batch of Chinese-made electric buses arrives in Qatar
A batch of 10 Chinese-made eco-friendly electric buses arrived in Qatar on Tuesday, with the Chinese Ambassador to Qatar Zhou Jian and Qatari Minister of Transport and Communications Jassim bin Saif Ahmed Al-Sulaiti inaugurating the pilot operation of electric bus charging stations in Doha the same day.
Qatar has struck a deal with China’s Yutong, one of the world’s leading bus makers, to manufacture buses for the Qatar FIFA World Cup 2022. The company will provide 1,002 vehicles for the tournament, including 741 electric vehicles.
The arrival of the buses boosts Qatar’s electric vehicle strategy, as the country is making progress toward a greener future.