Connect with us

Media

တရုတ်နိုင်ငံထုတ် အသစ်စက်စက် လျှပ်စစ်ဘတ်စ်ကားများ ဖင်လန်နိုင်ငံ၌စတင်ပြေးဆွဲမည်

ဟယ်လ်ဆင်ကီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် အသစ်စက်စက် လျှပ်စစ်ဘတ်စ်ကားများကို ဖင်လန်နိုင်ငံ ဟယ်လင်ဆင်ကီးမြို့တွင် လာမည့် သီတင်းပတ်မှစတင်ကာ တရားဝင်စတင်ပြေးဆွဲတော့မည်ဟုသိရသည်။ဖင်လန်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ဘတ်စ်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် နိုဘီနာကုမ္ပဏီက လျှပ်စစ်ဘတ်စ်ကားများအား ဝယ်ယူခဲ့ခြင်းဖြစ်သည်။ နိုဘီနာကုမ္ပဏီက လက်ရှိ၌ လျှပ်စစ်စွမ်းအင်သီးသန့်သုံးဘတ်စ်ကား အစင်း ၁၁၀ ကျော် ပိုင်ဆိုင်ထားပြီး ထိုကားအားလုံးမှာ တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေး BYD ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

Nobina Co., မှ Director of Transport ဖြစ်သူ Marten Winqvist က “ကျွန်တော်တို့ BYD အမှတ်တံဆိပ်ကိုရွေးချယ်ဝယ်ယူ ရတဲ့အကြောင်းရင်းကတော့ သူတို့ကုမ္ပဏီက ဆွီဒင်နိုင်ငံနှင့်နော်ဝေးနိုင်ငံတို့ကိုလည်း လျှပ်စစ်ကားတွေ တင်သွင်းထားတဲ့အတွက် အတွေ့အကြုံကောင်းတွေအများကြီးရှိလို့ပါပဲ၊ ကျွန်တော်တို့ အဲဒီဘတ်စ်ကားတွေနဲ့ ကီလိုမီတာသန်းပေါင်းများစွာကိုမောင်းနှင်ခဲ့ပြီးဖြစ်တဲ့အပြင် အဲဒီဘတ်စ်ကားတွေနဲ့ပဲ ဆောင်းရာသီမှာ အကြိမ်ပေါင်းများစွာမောင်းနှင်ခဲ့တဲ့ အတွေ့အကြုံတွေလည်းရှိပါတယ်။ ဒါဟာကျွန်တော်တို့ BYD ဘတ်စ်ကားတွေကို ဖင်လန်နိုင်ငံသားတွေ အတွက် သယ်ယူပို့ဆောင်ဖို့ရွေးချယ်လိုက်တဲ့အကြောင်းရင်းတစ်ခုပါပဲ၊ ကျွန်တော်တို့အခု မြို့တော်ဒေသတစ်ဝိုက်မှာ ဘတ်စ်ကား ၇၆ စင်း နဲ့ စတင်ပြေးဆွဲမှာပါ။ အခု ခရီးသွားလာရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်သုံးယာဉ်များနှင့်အစားထိုးပြေးဆွဲနေတဲ့ လက်ရှိလုပ်နေတဲ့လုပ်ငန်းဟာ သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး နဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်အရေးကြီးပါတယ်။ ကိုယ်ပိုင်ကားများ အစား အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေကိုအသုံးပြုခြင်းဟာ ပတ်ဝန်းကျင်အတွက် ကောင်းမွန်ပါတယ်။ လက်ရှိမှာ ခင်ဗျားတို့ ဒီဇယ်စွမ်းအင်သုံးကားတွေအစား လျှပ်စစ်ဘတ်စ်ကားတွေကိုရွေးချယ်အသုံးပြုနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် အကျိုးကျေးဇူး ၂ ဆ တိုးပွားလာတာလို့ကျွန်တော်တော့ထင်ပါတယ်။” ဟုဆိုသည်။

နိုဘီနာ ကုမ္ပဏီက ၎င်းတို့ ပိုင်ဆိုင်ထားသော လျှပ်စစ်ဘတ်စ်ကားအရေအတွက်မှာ တစ်နှစ်အတွင်း နှစ်ဆခန့် ထပ်မံ တိုးပွားလာရန်ရည်မှန်းထားသည်။
ဖင်လန်နိုင်ငံ၏ မြို့တော်တစ်ဝိုက်၌ ၂၀၂၅ ခုနှစ်အရောက်တွင် ဘတ်စ်ကားသုံးပုံ တစ်ပုံမှာ လျှပ်စစ်ဘတ်စ်ကားများဖြင့်အစားထိုးပြေးဆွဲရန် စီမံကိန်းချမှတ်ထားကြောင်းသိရသည်။ (Xinhua)

………………………………..
(English Version)
GLOBALink | Brand-new Chinese electric buses to enter operation in Helsinki

Starting next week, 76 brand-new electric buses will be officially put into operation in Helsinki, Finland.
Nobina Co., which owns these vehicles, has become the largest electric bus operator in Finland. Nobina said that the company owns more than 110 pure electric buses at present, all of which come from a Chinese car company, BYD.

Nobina Co. said that the number of electric buses owned by the company will double within a year. According to the plan, one third of buses in Finland’s capital region will be electrified by 2025.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.