Connect with us

Media

တရုတ်နိုင်ငံထုတ် HONGQI၏ပထမဆုံးသော ကားပြခန်း ဆော်ဒီအာရေးဗျ နိုင်ငံရဲ့ မြို့တော် ရီယာ့ဒ်တွင် ဖွင့်လှစ်

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ HONGQI ပထမဆုံးသော ကားအရောင်းပြခန်းကို ယခုသတင်းပတ်အတွင်း ဆော်ဒီအာရေးဗျ နိုင်ငံ မြို့တော် ရီယာ့ဒ်၌ စတင်ဖွင့်လှစ်ခဲ့သည်။ယင်းအရောင်းပြခန်းတွင် ဇိမ်ခံကားများကိုပြသထားရာ ဆော်ဒီလူမျိုးများကို ဆွဲဆောင်နိုင်ခဲ့သည်ဟုသိရသည်။

HONGQI ကားများကို ဆော်ဒီအာရေးဗျသို့ ၂၀၂၀ ပြည့်နှစ် အတွင်း အစီးရေ ၄၀၀ ကျော်တင်သွင်းခဲ့ပြီး ဖောက်သည်များက ကား၏ အရည်အသွေး နှင့် အသွင်အပြင် ဒီဇိုင်းပိုင်းကို အလွန် စိတ်ကျေနပ်သဘောကျကြကြောင်းသိရသည်။

ဇိမ်ခံကားများတွင် နာမည်ကျော်အမျိုးအစားဖြစ်သည့် Hongqi သည်လည်း တရုတ်နိုင်ငံ FAW Group လက်အောက်ခံ ကုမ္ပဏီမှ ထုတ်လုပ်သော ကားမော်ဒယ်မျိုးဖြစ်ပြီး ၁၉၅၆ ခုနှစ်က တရုတ်နိုင်ငံ၏ ပထမဆုံး မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးလည်းဖြစ်သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.