Connect with us

Media

တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေးအကြိမ်ရေ သန်း ၂၀၀ ထိုးနှံပေးရန် အချိန် ၂၅ ရက်သာ ကြာမြင့်ခဲ့

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တစ်ဝန်းလုံးတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှု အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အင်္ဂါနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ သန်း ၈၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်အထိ လူဦးရေ သန်း ၁၀၀ အား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ရာ လတ်တလော ကာကွယ်ဆေးထိုးနှံပြီးစီးမှုအရေအတွက်မှာ လျှင်မြန်စွာ တိုးတက်လျက်ရှိကြောင်း ၊ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး အကြိမ်ရေ သန်း၂၀၀ ထိုးနှံပေးရန် အချိန် ၂၅ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လူဦးရေ သန်း ၆၀၀ မှ သန်း ၇၀၀ အတွက် ကာကွယ်ဆေးများဖြန့်ဖြူးရန် အချိန် ၅ ရက်သာကြာမြင့်ခဲ့သည်။

ယခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး ထိုးနှံပြီးစီးရန်လျာထားကြောင်း တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည့်သတင်းများအရသိရသည်။ (Xinhua)

…………………………..
GLOBALink | Over 800 mln COVID-19 vaccine doses administered across China

BEIJING, June 9 (Xinhua) — More than 800 mln doses of COVID-19 vaccines have been administered in China as of Tuesday as the country steps up its inoculation drive. The number of doses administered has continued to rise at a fast rate since China hit the landmark figure of 100 million on March 27.

China took just 25 days to hit the next milestone of administering 200 million doses nationwide. It only took five days to increase vaccine distribution from 600 million doses to 700 million.

At least 70 percent of the target population in China is expected to be vaccinated against COVID-19 by the end of this year, according to an official of the National Health Commission (NHC).
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.