Connect with us

Media

တရုတ်နိုင်ငံ တွင် အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးကို မြန်ဆန်ပြီးကုန်ကျစရိတ်နည်းပါးရန်အလိုအလျောက် နည်းပညာဖြင့်လုပ်ဆောင်

စူးကျိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့နှင့် ကျန်းစူးပြည်နယ်မြို့တော် နန်ကျင်းတို့အားချိတ်ဆက်ပြေးဆွဲမည့် ရှန်ဟိုင်း-နန်ကျင်း အမြန်လမ်း၏ ကျန်းစူး လမ်းအပိုင်းအား အသိဉာဏ်ထည့်သွင်းထားသော လမ်းပြုပြင်ထိန်းသိမ်းရေးယန္တရားများဖြင့် အသုံးပြုဆောင်ရွက်နေကြောင်းသိရသည်။

ရှန်ဟိုင်း-နန်ကျင်းအမြန်လမ်း ၏ ကျန်းစူးလမ်းပိုင်းသည် တရုတ်နိုင်ငံ၏ အသုံးပြုမှုအများဆုံးအမြန်လမ်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီးနေ့စဉ် ယာဉ်အစီးရေးပေါင်း ၁၅၀,၀၀၀ ခန့်သွားလာနေသည်။

လက်ရှိတွင် အမြန်လမ်းပိုင်း၏ ၂၃ ကီလိုမီတာကို မောင်းသူမဲ့ လမ်းအချောကိုင်ဒလှိမ့်တုံး လှိမ့်စက် ၁၀ခု နှင့် အသိဉာဏ်ထည့်သွင်းထားသည့်လမ်းအချောသတ်စက်နှစ်ခုကို တရုတ်နိုင်ငံ၏ BeiDou တည်နေရာပြစနစ်သုံးနည်းပညာဖြင့်ချိတ်ဆက်ကာ အသုံးပြု ပြင်ဆင်လျက်ရှိသည်။

ထိုနည်းပညာကြောင့် ပုံမှန် ရက် ၂၀၀ ဝန်းကျင်ခန့်ကြာမြင့်သည့် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၁၅ ရက်အတွင်းအပြီးသတ်နိုင်ခဲ့ရာ လုပ်ငန်းတွင်အကြမ်းဖျင်းအားဖြင့် ငွေကုန်ကျမှု ယွမ် သန်း ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၃၁သန်း) ခန့် သက်သာစေခဲ့ကြောင်းသိရသည်။ (Xinhua)
………………………
(English Version)
Unmanned maintenance tech put into use on east China expressway
SUZHOU, China, Sept. 7 (Xinhua) — Intelligent road maintenance machinery is being used on the Jiangsu section of Shanghai-Nanjing Expressway, which links China’s Shanghai with Nanjing, capital of Jiangsu Province.

The Jiangsu section of the Shanghai-Nanjing Expressway, one of China’s busiest expressways, sees an average daily traffic volume of around 150,000 vehicles.
Currently, 10 unmanned road rollers and two intelligent pavers, using China’s BeiDou Satellite Navigation System (BDS) technology, maintain a 23-km section of the expressway.
The technology has helped reduce the maintenance period from more than 200 days to only 15 days, while it has been estimated that more than 200 million yuan (31 million U.S. dollars) has been saved through this operation.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.