Connect with us

Media

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသနှင့် မော်စကိုမြို့အား ချိတ်ဆက်ထားသည့် ကုန်တင်ရထားအသစ် ပြေးဆွဲ

ဟူးဟောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ “အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” မြောက်ပိုင်း အူရတ်ဘတ်ဘန်နာ မှ ကုန်စည် ကွန်တိန်နာအလုံးပေါင်း ၅၀ တင်ဆောင်ထားသည့် ကုန်တင်ရထားသစ်တစ်စင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် ထွက်ခွာသွားခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၁၀ ရက်အတွင်းရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
၎င်းမှာ တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားဒေသတို့ကို ချိတ်ဆက်ထားသည့်အထင်ကရမြို့ဖြစ်သည့်အပြင် ခေတ်သစ် ပိုးလမ်းမကြီး စီးပွားရေး ရပ်ဝန်း၏ ဆုံမှတ်မြို့လည်းဖြစ်သည့် Bayannur မြို့ ရှိ အူရတ်ဘတ်ဘန်နာ စက်မှုဥယျာဉ်မှ တရားဝင် ထွက်ခွာလာသည့် ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အူရတ်ဘတ်ဘန်နာမှ တရုတ်-ဥရောပ ကုန်တင်ရထားပေါင်း ၅၅ စင်း ပြေးဆွဲရန်ရည်ရွယ်ထား ပြီး ကုန်စည်တန်ချိန်ပေါင်း ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့်အားသယ်ယူပို့ဆောင်ကာ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ယွမ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၇.၁ သန်း) မှ ယွမ် သန်း ၅၀၀ အထိ ရောက်ရှိရန် လျာထားသည်။
အူရတ်ဘတ်ဘန်နာ၌ ကုန်တင်ရထားလမ်း နှစ်ခုတည်ဆောက်ထားရှိပြီး ကွန်တိန်နာများထားရှိနိုင်သည့် စခန်းကြီးတစ်ခု ပါဝင်ကာ မြို့၏ အကြီးဆုံးနှင့် အမြန်ဆုံး ရထားလမ်းသယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုပေးနိုင်ကြောင်း ဘန်နာ၏ နိုင်ငံတကာရေးရာနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှူဗျူရို အကြီးအကဲဖြစ်သူ Hai Gang က ဆိုသည်။
ထိုစက်မှုဥယျာဉ်သည် ကုန်စည်ကူးသန်းမှု အဆင်ပြေချောမွေ့စေရန် ကုန်လှောင်ရုံ၊ အအေးခန်းသိုလှောင်ရုံ၊ အီလက်ထရောနစ်-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
GLOBALink | New cargo train links China’s Inner Mongolia, Moscow

HOHHOT, Jan. 13 (Xinhua) — A new cargo train carrying 50 goods containers departed Wednesday from Urad Back Banner, north China’s Inner Mongolia Autonomous Region, and is expected to arrive in Moscow in about 10 days.

It is the first China-Europe freight train service officially launched in Urad Back Banner in the city of Bayannur, a significant hub connecting China and Mongolia and a node city of the new Silk Road Economic Belt.

In 2022, Urad Back Banner plans to operate 55 China-Europe freight trains, transporting about 50,000 to 60,000 tonnes of goods with an annual trade value of 300 million yuan (about 47.1 million U.S. dollars) to 500 million yuan.

The banner has completed the construction of two logistic rail lines and a large container yard, creating the largest and fastest railway logistics platform in the city, said Hai Gang, head of the banner’s foreign affairs and commerce bureau.

An industrial park for warehousing, cold-chain, e-commerce, and logistics is also being planned to facilitate the cargo trade.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.