Connect with us

Media

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်း

ရင်ချွမ်း၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်မှုများကို အပြည့်အဝ လုပ်ဆောင်ကာ ကာဘွန်ထုတ်လွှတ်မှုကင်းစင်ရန်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၅ ရက်ကို နိုင်ငံလုံးဆိုင်ရာကာဘွန်လျှော့ချ‌ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံ နင်းရှ(ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသည့် ဆိုလာပြားများထုတ်လုပ်ရေးလုပ်ငန်းသည် တရုတ်နိုင်ငံ၏ ဆိုလာစွမ်းအင်တပ်ဆင်မှု ကီလိုဝပ်ပေါင်း ၂၇၁ သန်း အတွက် ဆိုလာပြားများအားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံရေးဌာနမှ စာရင်းများအရသိရသည်။

ဝပ်အား ၅၀၀ ရှိသည့် ဆိုလာပြားတစ်ပြားသည် တစ်နှစ်လျှင် လျှပ်စစ် ကီလိုဝပ်နာရီပေါင်း ၆၀၀ အထိ ထုတ်လုပ်ပေးနိုင်ရာ ကာဘွန်ထုတ်လွှတ်မှု ၆၀၀ ကီလိုဂရမ်ခန့်အားလျော့ကျစေသည်။

တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအားရပ်တန့်ရန်ကြိုးပမ်းသွားမည်ဖြစ်ပြီး ၂၀၆၀ ပြည့်နှစ်တွင် ကာဘွန်ထုတ်လွှတ်မှု လုံးဝကင်းစင်စေရန်လျာထားကြောင်းသိရသည်။ (Xinhua)

—————————————

(English Version)

GLOBALink | A glimpse of solar panel production line in NW. China

YINCHUAN, Aug. 26 (Xinhua) — China is going at full throttle on clean energy transition to achieve carbon neutrality, as Wednesday marked the country’s National Low-Carbon Day.

A solar panel production line in the Ningxia Hui Autonomous Region is contributing to China’s total solar power installed capacity of more than 271 million kilowatts, according to data from the National Energy Administration (NEA).

Each solar panel with a capacity of 500 watts is capable of generating at least 600 kWh per year, cutting carbon emissions by about 600 kilograms.

China has announced that it will strive to peak carbon dioxide emissions by 2030 and achieve carbon neutrality by 2060.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.