Connect with us

Media

တရုတ်သုတသနပညာရှင်များက နှင်းလျှောစီးစက်ရုပ် ဖန်တီး

ရှန်ဟိုင်း ၊ ဇန်နဝါရီ ၂၀ရက် (ဆင်ဟွာ)

တရုတ်သုတေသနပညာရှင်များအဆင့်မြှင့်တည်ဆောက်ထားသည့် ခြေထောက်ခြောက်ချောင်းပါ နှင်းလျှောစီးစက်ရုပ်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Shenyang (စိန်ရန်) မြို့ရှိ နှင်းလျှောစီးကုန်းစောင်းများတွင် ပွဲထုတ်ပြသခဲ့သည်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ Liaoning(လျောင်နင်) ပြည်နယ်၏ မြို့တော် Shenyang (စိန်ရန်) က နှင်းလျှောစီးကုန်းစောင်းများပေါ်တွင် ခြေထောက်ခြောက်ချောင်းပါ နှင်းလျှောစီး စက်ရုပ်ကို ပွဲထုတ်ပြသခဲ့ပါသည်။

ရှန်ဟိုင်းမြို့၊ Jiao Tong တက္ကသိုလ်က သုတေသနပညာရှင်များ အဆင့်မြှင့်တည်ဆောက်ခဲ့သည့် နှင်းလျှောစီးစက်ရုပ်၏ ကိုယ်ထည်ကို ဟန်ချက်ညီအောင်ထိန်းရန် ခြေထောက်လေးချောင်းနှင့် နှင်းလျှောစီးခြေထောက်နှစ်ချောင်း တပ်ဆင်ထားရာ ခွေးလိမ္မာတစ်ကောင်နှင့် ပုံစံဆင်တူပါသည်။

စက်ရုပ်သည် လက်တွေ့မြေပြင် နှင်းလျှောစီးရာတွင် ကြုံတွေလာနိုင်သည်များကို တွက်ချက်ပြီး အလိုက်သင့် ပြောင်းလဲနိုင်စွမ်းမြင့်မားသည်။

၎င်းစက်ရုပ်သည် အခက်အခဲအတားအဆီးများကို ရှောင်ရှားနိုင်သည်။ ပြေးလမ်းကြောင်းကိုရွေးချယ်နိုင်ကာ လျှင်မြန်စွာကွေ့နိုင်ပြီး အရှိန်နှင့် ပြေးနေစဉ်တွင်လည်း ဘရိတ်ကောင်းကောင်းအုပ်နိုင်သည်။

စက်ရုပ်သည် နှင်းထူပြီး ရေခဲဖုံးနေသည့် ပတ်၀န်းကျင်တွင် ကင်းလှည့်ခြင်း၊ ကယ်ဆယ်ရေးလုပ်ဆောင်ခြင်းအပါအ၀င် လုပ်ရိုးလုပ်စဥ်အလုပ်များကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။(Xinhua)

………………………………..
(English Version)
GLOBALink | Chinese researchers develop skiing robot
A six-legged skiing robot developed by Chinese researchers has been unveiled on snow slopes in Shenyang, northeast China. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.