Media
ပြည်ပမှ တရားမဝင် VPN များ အသုံးပြု၍ ပြည့်တန်ဆာလုပ်ငန်းများဆောင်ရွက်မှု တရုတ်သတင်းထောက်များဖော်ထုတ်
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ သတင်းထောက်များက ပြည်ပမှ တရားမဝင် VPN များ အသုံးပြု၍ ပြည့်တန်ဆာလုပ်ငန်းများဆောင်ရွက်နေမှုများကို မကြာသေးမီက ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းထောက်တစ်ဦးက လူနေအဆောက်အဦတစ်ခုအတွင်း ဝင်ရောက်ကာ လိင်လုပ်သားတစ်ဦးနှင့် မေးမြန်းခဲ့သည်။-ဝန်ဆောင်ခ ယွမ် ၂ထောင်ပါ
-ဒီကိုလာတဲ့အသက်အငယ်ဆုံးဖောက်သည်က အသက် ဘယ်လောက်ရှိလဲ
-အငယ်ဆုံးလား
-၁၈ နှစ်
-နိုင်ငံခြားဝက်ဘ်ဆိုက်တွေကို ဝင်လို့ရလား
-download လုပ်လိုက်ပါ
-ဒါကို ဘာလို့ download ခိုင်းတာလဲ
-App Store ကနေရော download လို့ရလား
-နိုင်ငံခြားသူတွေနဲ့ဘယ်လိုဆက်သွယ်ရမလဲ
တရုတ်နိုင်ငံ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ ခုနှစ် ကတည်းက ပြည့်တန်ဆာလုပ်ငန်းအားတားမြစ်ထားသည်။တရုတ်လူမှုမီဒီယာများ၌ တင်းကြပ်သည့် စည်းမျဉ်းများကြောင့် လက်ရှိတွင်ထိုကဲ့သို့ လှုပ်ရှားမှုများအား လုပ်ဆောင်ရန်ခဲယဉ်းကြောင်းသိရသည်။ (Xinhua)