Connect with us

Media

ရွှေလီမြို့တွင် COVID-19 ကူးစက်ခံရသည့် မိခင်မှ သုံးမြွှာပူးကလေးများ ကျန်းမာစွာမွေးဖွား

ကူမင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ မြန်မာတရုတ် နယ်စပ် မြို့ဖြစ်သည့် ရွှေလီမြို့တွင် COVID-19 ကူးစက်ခံထားရသည့်မိခင်မှ သုံးမြွှာပူးကလေးများကို ဗုဒ္ဓဟူးနေ့က ကျန်းမာစွာမွေးဖွား ပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ မွေးဖွားခြင်းမှာ တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် လည်း ဖြစ်သည်။

မွေးကင်းစကလေးငယ်များ၏ ရေမွှာအရည်၊ အာခေါင်တို့ဖတ်များနှင့် အစာချေအရည်များမှ နမူနာများ ရယူခဲ့ပြီး ပထမဆုံး nucleic acid စစ်ဆေးခဲ့ ရာ COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်းသိရသည်။

ကူမင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်၏ပထမ စုပေါင်းဆေးရုံမှ ဒေါက်တာChen Zhou က “ဒီကနေ့ပဲအောင်မြင်စွာမွေးဖွားခဲ့ပါတယ်၊ ကလေးတွေကိုတော့ သတ်မှတ်ထားတဲ့ ဆေးဝါးအဖွဲ့က စောင့်‌ရှောက်ကုသပေးနိုင်အောင်ကလေးအထူးကြပ်မတ်ကုသဆောင်ကိုလွှဲထားပါတယ်၊” ဟုဆိုသည်။

အသက် ၂၉ နှစ်အရွယ် မိခင် သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၉ ရက်က COVID-19 အတည်ပြုလူနာအဖြစ် ဆေးရုံတက်ရောက်ခဲ့ချိန်တွင် ကိုယ်ဝန် ၂၈ ပတ်ရှိနေပြီဖြစ်သည်။

ဗဟိုအစိုးရ ၊ပြည်နယ်နှင့် မြူနီစီပယ်အဆင့် မှ ဆရာဝန် ၃၂ ဦး မှခေါင်းဆောင်သည့် ကျန်းမာရေးအဖွဲ့ အား ရွှေလီမြို့သို့ အဆောတလျင်စေလွှတ်ခဲ့ကာ ယင်းမိခင်အား အချိန်မတိုင်မီ မွေးဖွားမှုမှ ကာကွယ်ရေးကုသမှုအစီအစဉ်ကို အထူးကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လူနာအား ၂၄ နာရီပတ်လုံး အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြသည်။
ဇူလိုင် ၁၂ ရက်တွင် မိခင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးလာခဲ့ပြီး COVID-19 ကူးစက်ခံရသည့်လက္ခဏာပြင်းထန်သည့်လူနာတစ်ဦးဖြစ်ခဲ့သည်။
သို့ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ စောင့်ရှောက်မှုကြောင့် ၎င်း၏ ရောဂါလက္ခဏာများနှင့် အချိန်မတိုင်မီ ကလေးမွေးဖွားမည့်အန္တရာယ်မှာ တဖြည်းဖြည်းလျော့ပါးသက်သာလာခဲ့ကာ ကိုယ်ဝန်အား ၃၂ ပတ်အထိ စောင့်ရှောက်နိုင်ခဲ့သည်။

ကူမင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်၏ပထမ စုပေါင်းဆေးရုံမှ ဒေါက်တာ Duan Jiang က‘ကိုယ်ဝန် ၃၂ ပတ် နဲ့ ကလေးမွေးတာ ဆိုတော့နည်းနည်းစိတ်ပူစရာတော့ရှိတာပေါ့လေ၊ လမစေ့သေးဘဲမွေးပေမဲ့လို့ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကကောင်းပါတယ်၊ ဒါပေမဲ့လို့လမစေ့ဘဲမွေးထားတာဖြစ်လို့ ကလေးတွေမှာကျန်းမာရေးပြဿနာရှိလာမလား၊ မိခင်ရဲ့ ရောဂါပိုးကူးစက်ခံရမှုတွေက ကလေးတွေအပေါ်သက်ရောက်မှုရှိလာမလားဆိုတာတွေကိုတော့ကျွန်တော်တို့စောင့်ကြည့်ရပါဦးမယ်” ဟုဆိုသည်။
ဩဂုတ် ၁၁ ရက်တွင် သတ်မှတ်ထားသည့်အတိုင်းဆရာဝန်များနှင့်ဆေးဘက်အကူများက အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ကာ အသက်ရှူစက်များအသုံးပြု၍ သုံးမြွှာပူးကလေးငယ်များအား နံနက် ၁၀:၀၈ နာရီ၌ ကျန်းမာစွာဖြင့် ဗိုက်ခွဲမွေးဖွားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………..
(English Version)
GLOBALink | Mother with COVID-19 gives birth to triplets in China
KUNMING, Aug. 12 (Xinhua) — A pregnant woman with COVID-19 Wednesday morning gave birth to triplets in the quarantine area of a designated hospital in southwest China’s border city of Ruili, the Yunnan provincial health commission said on Thursday. It is the first case of its kind in China.

The newborns’ first nucleic acid tests — performed on samples taken from amniotic fluid, throat swabs and gastric juice — were all negative.

The woman, 29, was just 28 weeks pregnant when she was hospitalized as a confirmed COVID-19 case on July 9 in southwest China’s Yunnan Province.

A medical team consisting of 32 leading doctors from the state, provincial and municipal levels were rushed to Ruili and customized a treatment plan for her while preventing premature birth. Doctors and nurses were on duty 24 hours to closely monitor her condition.
The mother’s condition deteriorated and she was categorized as a severe case on July 12. But thanks to the care of the medics, her symptoms and risk of premature birth gradually diminished, and her gestational age was extended to 32 weeks.

On the morning of Aug. 11, doctors in hazmat suits and full-cover respirators performed a cesarean section, and at 10:08 a.m., the babies were born.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.