Connect with us

Media

ဟေတီ ငလျင်ဒဏ်သင့်ဒေသတွင် ကူညီပေးနေကြသော နိုင်ငံတကာမှ ကယ်ဆယ်‌ရေးသမားများ

‌ဟေတီ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံတွင် သြဂုတ်လလယ်ပိုင်းက အလွန်အင်အားပြင်းသည့် ငလျင်လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံများပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် အချိန်ပြည့်လုပ်အားပေးလျက်ရှိသည်။Les Cayes မြောက်ပိုင်းရှိ Marcelin ရပ်ကွက်တွင် အနည်းဆုံး အိမ်ခြေ စုစုပေါင်း ၉၅ ရာခိုင်နှုန်းခန့် ပြိုလဲပျက်စီး ခဲ့ ပြီး ကျန်သည့် ၅ ရာခိုင်နှုန်းမှာ အဆောက်အအုံပိုင်းဆိုင်ရာ ကြီးကြီးမားမားထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုဒေသတစ်ဝိုက်ရှိ ပြည်သူများသည် အစားအသောက်၊သောက်သုံးရေ၊ အဝတ်အထည်များ နှင့်ဆေးဝါးအထောက်အပံ့စသဖြင့် အကူအညီ များစွာလိုအပ်လျက်ရှိသည်။

Rachel Alford သည် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Team Rubicon မှ စေတနာ့ဝန်ထမ်း ဆေးဘက်အကူတစ်ဦးဖြစ်သည်။

ဟေတီနိုင်ငံသို့စတင်ရောက်ရှိချိန်တွင် Alford တို့အဖွဲ့ စတင်ပြုလုပ်သည့်အရာမှာ ဟေတီဆရာဝန်များအား ၎င်းတို့ကူညီနိုင်မည့်ကိစ္စရပ်များကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။

“Rachel Alford” က “ဒီမှာ ဆရာဝန်တွေ သူနာပြုတွေနဲ့ လူတိုင်းဟာ သိပ်ပြီးတော့အလုပ်တွေများနေကြတာပါ ။ သိပ်ကိုခက်ခဲတဲ့အခြေအနေတွေကြားမှာ ပြည်သူပြည်သားတွေကို ကုသပေးဖို့ကြိုးပမ်းနေကြတာပါ။ ကျွန်မတို့က သူတို့ကိုကူညီဖို့အရေးကြီးတာမို့ ဘာလုပ်ပေးဖို့လိုအပ်လဲ ဘယ်လိုကူညီပေးနိုင်မလဲ ကျွန်မတို့ အတူတူ ဘယ်လို လက်တွဲလုပ်ဆောင်နိုင်မလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်” ဟု ဆိုသည်။

International Rescue Topos A.C ၏ မက္ကဆီကို အခြေစိုက်အဖွဲ့ မှ ခေါင်းဆောင် Luis Alva က “ ၎င်းတို့သည် ဒေသခံများနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အထူးသဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြသော ဟေတီ မီးသတ်သမားများနှင့်ဖြစ်ကြောင်း၊ နောက်ဆုံးလုပ်ဆောင်ရသည့် ကိစ္စမှာ မျှော်လင့်ချက်ပင်မရှိကြောင်း၊ အပျက်အစီးများကြားထဲမှ အသက်ရှင်ကျန်ရစ်သူများ ရှိ မရှိ ကို ရှာဖွေရာတွင် အလွန်ခက်ခဲခဲ့ကြောင်း မဖြစ်နိုင်တာတော့မဟုတ်ကြောင်း ” ဆိုသည်။

Luis Alva က “ အလားအလာတော့ သိပ်မရှိတော့ပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး ၊ ဟေတီ နိုင်ငံသားတွေဟာ မကြာမကြာဆိုသလို ငလျင်ဘေးသင့်ခဲ့ကြတာကြောင့် သူတို့မှာ အတွေ့အကြုံရှိကြပြီး အတော်အသင့် ခံနိုင်ရည်တော့ရှိကြပါတယ်၊ ရက်ပေါင်းများစွာ သီတင်းပတ်တစ်ပတ်ကျော်ကြာပြီးနောက် ကျွန်တော်တို့ ဆက်လက်ရှာဖွေနေစဉ်မှာတင် အပျက်အစီးတွေကြားအသက်ရှင်ကျန်နေတဲ့သူတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတဲ့အခါ အလားအလာသိပ်မရှိတော့ပေမယ့်လို့ မဖြစ်နိုင်ဘူးဆိုတာမျိုးလည်း မဟုတ်ပြန်ပါဘူး” ဟုသူကဆိုသည်။
ဟေတီနိုင်ငံ၌ သြဂုတ် ၁၄ ရက်တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့်လက်ရှိအချိန်အထိ သေဆုံးသူ ၂,၂၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ရာနှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။ (Xinhua)

…………………………………..
(English Version)
GLOBALink | Haitians, foreign rescuers working together to ease earthquake crisis
After a powerful earthquake hit Haiti in mid-August, foreign aid teams and local volunteers have been working around the clock to help local residents get their lives back on track. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.