Connect with us

Media

နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ နိုင်ငံမှ ထွက်ခွါနေကြသော အာဖဂန်နိုင်ငံသားများ

ကဘူးလ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်တို့သိမ်းပိုက်ခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်မှစတင်ကာ ကဘူးလ် လေဆိပ်၌ ပစ်ခတ်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများကြောင့် အနည်းဆုံး လူပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီဖြစ် ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ သတင်းမီဒီယာများက ထုတ်ပြန်သည်။လေဆိပ် မှ တဆင့် အာဖဂန်လူမျိုးများစွာနှင့် နိုင်ငံခြားသားများ ထွက်ခွါဖို့ကြိုးစားစဉ် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ပါရှိသည်။

သြဂုတ် ၁၅ရက် ၌ အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်မြို့အား တာလီဘန်များကသိမ်းပိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အမေရိကန်နိုင်ငံသားများနှင့် ၎င်းတို့၏ မိတ်ဖက် အာဖဂန်နိုင်ငံသားများအား နိုင်ငံအတွင်းမှ အမြန်ဆုံးထွက်ခွါနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

အင်္ဂါနေ့ မနက်အစောပိုင်းအထိ အချိန် ၂၄ နာရီအတွင်း လူပေါင်း ၂၁,၆၀၀ ဝန်းကျင်အား ကယ်ထုတ်နိုင်ခဲ့ကြောင်း အိမ်ဖြူတော်က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၄ ရက်မှ စတင်ကာ ခန့်မှန်းချေအားဖြင့် ပြည်သူပေါင်း ၅၈,၇၀၀ သည် အာဖဂန်နိုင်ငံအတွင်းမှ ထွက်ခွါခဲ့ပြီးဖြစ်သည်။အရေးပေါ်အခြေအနေများအရ လိုအပ်ပါက အချိန်ကို ထပ်မံညှိနှိုင်းသွားမည့်အစီအစဉ်ရှိမရှိမေးမြန်းမှုတွင်အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသားများအား နိုင်ငံအတွင်းမှ သြဂုတ် ၃၁ ရက်တွင် အပြီး ကယ်ဆယ်သွားနိုင်ရန် ရည်မှန်းထားကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြီးခဲ့သည့် အင်္ဂါနေ့ တွင်ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
GLOBALink | Afghanistan: Evacuations continue as deadline draws near
Afghan media reports said at least 20 people had died in shootings and stampedes at the Kabul airport since August 15.
Reports said the victims were caused by the chaos at the airfield, as many Afghans and foreigners tried to leave.
The United States has been scrambling to evacuate Americans and its Afghan partners from the country since the Taliban entered the capital Kabul on Aug. 15.
The White House said on Tuesday that around 21,600 people had been evacuated during a 24 hour-period ending early Tuesday morning.
In total, approximately 58,700 people had left the country since Aug. 14.
U.S. President Joe Biden on Tuesday said the U.S. aimed at completing Afghan evacuation by Aug. 31, while asking for contingency plans to adjust the timeline if necessary.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.