Connect with us

Media

အမေရိကန်ပြည်ထောင်စု၌ အထူးကြပ်မတ်ကုသဆောင်ရှိ ကုတင်များ ပြတ်လတ်သည်အထိ COVID-19 လူနာများပြားနေ

နယူးယောက်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုတွင် ပျံ့နှံ့မှုနှုန်းမြင့်မားသော Delta ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုများပြားလာခြင်းကြောင့် အရေးပေါ်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်တွင် နေရာပြတ်လတ်မှုများဖြစ်ပွားနေသည်။ ဆေးရုံများတွင် ဆရာဝန်များနှင့်သူနာပြုများလည်း ရှားပါးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် အင်္ဂါနေ့အထိ ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ဆန်သည့် Delta ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကြောင့် ကူးစက်ခံရသူဦးရေမှာ ၃၆ သန်းကျော်ရှိလာပြီး COVID-19 ကြောင့်သေဆုံးသူဦးရေမှာ ၆၁၈,၀၀၀ ကျော် ရှိလာသည်။

အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးဌာန မှ ညွှန်ကြားရေးမှူး ဖရန်စစ် ကောလင်းက “ အမေရိကန်နိုင်ငံအနေနဲ့ Delta ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ကိုင်တွယ်ကုသမှုမှာကျရှုံးနေတယ်။ လက်ရှိမှာ မိမိတို့ဟာ အသက်ပေါင်းများစွာကို ကြောက်ခမန်းလိလိပေးဆပ်နေရတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
ICU beds running out as Delta variant fuels U.S. pandemic
Hospitals in some states of the U.S. are running out of ICU beds as the highly transmissible Delta variant has driven the daily average of new cases in the U.S. above 100,000. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.