Connect with us

Media

COVID-19 ပဋိပစ္စည်းအား အမေရိကန်အမြီးဖြူဒရယ်များတွင်တွေ့ရှိကြောင်းလေ့လာတွေ့ရှိ

နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။

စစ်တမ်းတွင် အမေရိကန်ပြည်ထောင်စုတွင်ကျက်စားသည့် အဖြူရောင်အမြီးရှိသော ဒရယ် ရိုင်းများ သည်လည်း COVID-19 ကူးစက်ခံထားရနိုင်ကြောင်းဆိုသည်။ သို့ရာတွင် ထိုဗိုင်းရပ်စ်သည် ဒရယ်များနှင့် မည်သည့်အချိန်တွင် မည်သို့ ဆက်စပ်မှုရှိသည် ဆိုသည့် အကြောင်းရင်းကိုကားမူ ရှင်းလင်းစွာမသိရသေးပေ။ကျွမ်းကျင်သူအချို့၏ အဆိုအရ အစောပိုင်းကူးစက်ခံရမှုများ မှာတိရစ္ဆာန်များ နှင့် ပတ်ဝန်းကျင်မှတစ်ဆင့်ကူးစက်ခံရခြင်းမျိုးဖြစ်နိုင်ပြီး နောက်တစ်ဆင့် COVID-19 ၏ မူလဇစ်မြစ်ကို ရှာဖွေရာတွင်ထည့်သွင်းစဉ်းစားသင့်ကြောင်းဆိုသည်။ (Xinhua)

……………..
(English Version)

GLOBALink | Study finds antibodies to COVID-19 in U.S. white-tailed deer
Around 40 percent of white-tailed deer sampled in the U.S. had #COVID19 antibodies, a U.S. federal survey shows. It remains unclear how and when the virus infected those animals. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.