Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၌ ကျောက်စိမ်းလုပ်ကွက်ရေကန် ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်း ကျောက်တူးနေသူ ၃၀ ကျော် ရေကန်နွံအတွင်းနစ်မြုပ်ပျောက်ဆုံး

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အားတွေ့ရစဉ် (ဓာတ်ပုံ-ဖားကန့်ဒေသခံတစ်ဦး)

ရန်ကုန်၊ ဩဂုတ်လ ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း သြဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းကျောက်တူးနေသူ ၃၀ ကျော် ရေကန်နွံအတွင်းနစ်မြုပ်ပျောက်ဆုံးလျက်ရှိကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ သိရသည်။

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အားတွေ့ရစဉ် (ဓာတ်ပုံ-ဖားကန့်ဒေသခံတစ်ဦး)

“မနေ့က အလောင်း၂လောင်းပြန်ပေါ်တယ်၊ ကျန်တာတော့ ရှာမရသေးဘူး၊ ဒဏ်ရာရတာ ၈ ဦးလောက်ရှိတယ်” ဟု ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ရေအနက်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ရခက်တယ်၊ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်တဲ့အတွက် လူအရေအတွက် ဘယ်လောက်အတိအကျ ပြောရခက်တယ်၊ ခု ပြိုတဲ့အထဲပါတဲ့လူတွေ အသက်ရှင်ဖို့ ခက်လောက်တယ်” ဟု အဆိုပါ နေရာအတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရေကန်ကမ်းပါးပြိုကျမှုအတွင်း ထွက်ပြေးလွတ်မြောက်သူအချို့ ရှိသလို အချို့မှာ ဆေးရုံ၌ကုသမှုခံယူလျက်ရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးသူက ဆိုသည်။

ကချင်ပြည်နယ် အထူးသဖြင့် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများ
မကြာခဏ ဖြစ်ပွားေလ့ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်နေရာတစ်ခု၌ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၇၄ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)