Connect with us

Media

၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု လုပ်ဆောင်သည်ဟု သံသယရှိသူ ၁၅၀ ဦး အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
၂။ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ
၃။ လက်နက်တင်ပို့မှု မူဝါဒကို တာဝန်သိစွာ ချမှတ်ဆောင်ရွက်ကြရန် နိုင်ငံအသီးသီးကို တရုတ်နိုင်ငံ တိုက်တွန်း
၄။ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် ကွာလာလမ်ပူမြို့သို့ရောက်ရှိပြီး မလေးရှားနိုင်ငံ နိုင်ငံတော်ခရီးစဉ် တရားဝင်စတင်
၅။ လက်ဘနွန်အား ထိုးစစ်ဆင်မည့် စစ်ဆင်ရေးအစီအစဉ်ကို အစ္စရေးစစ်တပ် ခွင့်ပြု
၆။ ဆင်ဟွာနှင့် PA မီဒီယာဂရု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
၇။ ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့တော် တိုရွန်တို၌ ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံး
၈။ ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား
၉။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ စက်ရုံများတွင် လူသားသဏ္ဌာန်စက်ရုပ်များ လုပ်ကိုင်လျက်ရှိ
၁၀။ မော်ဗီးနပ်စ် (Malvinas) ကျွန်းစု အချုပ်အခြာအာဏာအပေါ် အာဂျင်တီးနား၏ တရားဝင်တောင်းဆိုမှုကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံ
၁၁။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ရှန်ဟိုင်း ဒေသတွင်း စင်တာ တရားဝင် စတင်ဖွင့်လှစ်
၁၂။ ရုရှား သမ္မတ ပူတင် ပြုံယမ်းမြို့သို့ ရောက်ရှိပြီး မြောက်ကိုရီးယားနိုင်ငံ နိုင်ငံတော်ခရီးစဉ် စတင်
၁၃။ ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် တူနီးရှားနိုင်ငံသား ၃၅ ဦး သေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံခြားရေးဌာနက ပြောကြား
၁၄။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တော်ဝင်မိသားစုအပေါ် စော်ကားမှုဖြင့် စွဲချက်တင်ခံရပြီးနောက် အာမခံရရှိ
၁၅။ ဆင်ဟွာနှင့် Belga သတင်းအေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
၁၆။ ရုရှားနိုင်ငံ၏ ပစိဖိတ်စစ်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှု စတင်
၁၇။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကြာပန်းအမြွှာ တွေ့ရှိ
၁၈။ ကင်ညာနိုင်ငံ၌ လူပေါင်း ၁ ဒသမ ၉ သန်း စားရေရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရ
၁၉။ တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်၌ မောင်းသူမဲ့ သန့်ရှင်းရေးယာဉ်များ အသုံးပြုမည်
၂၀။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် လူပေါင်း ၅၈၀,၀၀၀ ကျော် သဘာဝဘေးဒဏ်ခံရ၊ ယင်းဒေသ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိ
၂၁။ သမ္မတ ရှီက ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်‌မှု လျှော့ချရေးအတွက် အရေးကြီးညွှန်ကြားချက်ပေး
၂၂။ ရေရှည်ဖြစ်သော ဥရောပတိုက်လုံခြုံရေးမူဘောင် တည်ဆောက်ခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းရာ ဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား
၂၃။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မိုးကြိုးလျှပ်စီး အဝါရောင်အဆင့် ကြိုတင်သတိပေးချက်နှင့် မိုးသက်မုန်တိုင်း အပြာရောင်အဆင့် ကြိုတင်သတိပေးချက်ကို တစ်ပြိုင်နက်တည်း ထုတ်ပြန်
၂၄။ မွန်ဂိုလီးယား၌ ယခုနှစ်အတွင်း ရာသီဥတု ကြမ်းတမ်းမှုကြောင့် မွေးမြူရေးတိရစ္ဆာန် ရှစ်သန်းနီးပါးသေဆုံး
၂၅။ ဘရာဇီးနိုင်ငံတွင် ရေလွှမ်းမိုးမှုခံရပြီးနောက် မြင်တွေ့ရသော မြင်ကွင်း (Xinhua)