Connect with us

Media

ဆီထွက်သီးနှံ နေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် လျာထား

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှာ စားသုံးဆီ ထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ စားသုံးဆီ တင်သွင်းမှု လျှော့ချရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဧက ၁.၅ သန်းအထိ နေကြာ စိုက်ပျိုးဧရိယာကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း မကြာသေးမီက နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။
နေကြာပင်များကို စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်တို့မှာ အဓိက စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိဘဏ္ဍာနှစ်မှာ နေကြာ ဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးရန် လျာထားချက်ရရှိစေဖို့ အစိုးရမှ နေကြာစိုက်တောင်သူတွေကို တစ်ဧက ချေးငွေ ကျပ် ၁၅၀,၀၀၀ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ပြည်တွင်းမှာ နေကြာစိုက်ခင်းဧရိယာကို ဧက ၄ သန်း အထိ တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေကြာအပြင်၊ မြေပဲနှင့် နှမ်းတို့ကို ပြည်တွင်းမှာ စားသုံးဆီထုတ်လုပ်ဖို့အတွက် စိုက်ပျိုးကြတာဖြစ်ပါတယ်။ (Xinhua)