Connect with us

Media

ဆော်ဒီပရောဂျက်က ဇွန်လတတိယပတ်အတွင်း ယီမင်နိုင်ငံရှိ မြေမြှုပ်မိုင်း ၈၈၀ ခုကိုဖျက်ဆီးနိုင်ခဲ့

အာဒမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံရှိ မြေမြှုပ်မိုင်းရှင်းလင်းရေးပရောဂျက်က စစ်မက်ဒဏ်ခံစားနေရသော ယီမင်တွင် မြေမြှုပ်မိုင်း ၈၀၀ ခုကို ဇွန်လတတိယပတ်အတွင်း ရှင်းလင်းနိုင်ခဲ့ကြောင်း Saba သတင်းအေဂျင်စီအရ သိရသည်။

ဆော်ဒီ မြေမြှုပ်မိုင်းရှင်းလင်းရေးပရောဂျက် (Masam) က ၂၀၁၈ ခုနှစ်က စတင်ခဲ့စဉ်အတွင်း မြေမြှုပ်မိုင်း ၄၀၅,၂၁၃ ခုကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ကြောင်း Saba က ဖြည့်စွက်ဖော်ပြခဲ့သည်။

ယီမင်နိုင်ငံအစိုးရ၏ မိုင်းရှင်းလင်းရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သော အဆိုပါပရောဂျက်၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်းရှိ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများအားလုံးကို ဖယ်ရှားရန်နှင့် ဒေသခံပြည်သူများအတွက် ဘေးကင်းသောပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဖြစ်ကြောင်း သိရသည်။
ယီမင်ရှိ အမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့များက ကာလကြာရှည် စစ်မက်ပဋိပက္ခအတွင်း မိုင်းများနှင့် ပေါက်ကွဲစေတတ်သောကိရိယာ အမြောက်အမြားတပ်ဆင်ထားခဲ့ရာ အရပ်သားများကို အန္တရာယ်ဖြစ်စေခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Saudi project dismantles 880 landmines in Yemen in 3rd week of June
A landmine clearance project in Yemen said its teams had dismantled 880 landmines in the war-torn country during the third week of June, the official Saba news agency reported Thursday.
The Saudi Project for Landmine Clearance (Masam) has successfully cleared 405,213 landmines since its inception in 2018, the Saba report added.
In cooperation with Yemen’s government demining teams, the objective of the project is to remove all landmines and explosive devices in the country and create a safer environment for local communities.
Various Yemeni warring factions have laid a large number of mines and improvised explosive devices in the years-long military conflict, posing significant risks to civilians.
Xinhua News Agency correspondents reporting from Aden, Yemen.
(XHTV)