Connect with us

Media

တရုတ်နိုင်ငံ ဟူပေပြည်နယ်က သန့်စင်စွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းကျော်ရှိ

ဝူဟန့် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်က ပထမဆုံးအကြိမ် စုစုပေါင်း တပ်ဆင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ဇွန်လကုန်အထိ ကီလိုဝပ်သန်း ၁၀၀ ကျော် စံချိန်တင် ရှိခဲ့ပြီး သန့်စင်စွမ်းအင်အသုံးပြုကာ ထုတ်လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား၏ ၆၄.၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လက်ရှိတွင် ဟူပေပြည်နယ်သည် စုစုပေါင်း တပ်ဆင်ရေအားလျှပ်စစ်စွမ်းရည် ကီလိုဝပ် ၃၇.၈၄ သန်း ရှိသည်။ ယင်းတွင် စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၏ သုံးပုံတစ်ပုံကျော်သည် ယန်ဇီမြစ်ပေါ်ရှိ နာမည်ကျော် မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စက်ရုံက ပံ့ပိုးမှု ပါဝင်သည်။ လေအား နှင့် ဆိုလာစွမ်းအင်က လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၂၇ သန်းခန့် ပံ့ပိုးပေးထားကာ သမားရိုးကျ အပူစွမ်းအင်က ကီလိုဝပ် ၃၆ သန်းနီးပါး ထုတ်လုပ်ပေးထားကြောင်း နိုင်ငံပိုင် Grid Hubei Electric Power ကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s Hubei sees over 60 pct of electricity come from clean energy
By the end of June, central China’s Hubei Province recorded a total installed power generation capacity of over 100 million kilowatts for the first time, with 64.4 percent of the generated electricity powered by clean energy.
Currently, Hubei has a total installed hydropower capacity of 37.84 million kilowatts. This included that contributed by the renowned Three Gorges Hydroelectric Power Station on the Yangtze River, which counts for more than one-third of its total power generation capacity. Wind and solar power contribute about 27 million kilowatts of its electricity, while conventional thermal power generates nearly 36 million kilowatts, said the State Grid Hubei Electric Power Co., Ltd.
Xinhua News Agency correspondents reporting from Wuhan, China.(XHTV)