Connect with us

Media

တရုတ်ကုမ္ပဏီက အကွာအဝေး ၄ ကီလိုမီတာ ပျံသန်းနိုင်သည့် jetpack အား စမ်းသပ်

ကွမ်ကျိုး ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုး၌ တရုတ်ကုမ္ပဏီတစ်ခုက အမြင့် ၂၀၀ မီတာ နှင့် အကွာအဝေး ၄ ကီလိုမီတာအထိ ပျံသန်းနိုင်သည့် jetpack အား ဇူလိုင် ၂၀ ရက်တွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။

Guangdong XPeng Aeroht က တီထွင်ထုတ်လုပ်သော jetpack သည် ကုမ္ပဏီအတွက် အလုပ်လုပ်ကိုင်နေသည့် ပညာရှင်တစ်ဦးဖြစ်သူ Liu Dongsheng ၏ တီထွင်မှု ဖြစ်ကြောင်း သိရသည်။

Liu Dongsheng က အဆိုပါ jetpack သည် ဆီတိုင်ကီအပြည့်ဖြင့် မည်သည့်ဦးတည်ရာမဆို ရွှေ့လျားသွားနိုင်ခြင်း ၊ လှည့်ပတ်ခြင်း နှင့် ဘရိတ်အုပ်ခြင်းကဲ့သို့သော လှုပ်ရှားမှုအမျိုးမျိုးအား လုပ်ဆောင်နိုင်ကြောင်း ၊ သို့သော် ပျံသန်းချိန်မှာ ၃ မိနစ်မှ ၅ မိနစ်ထိသာ ရှိသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Chinese company tests jetpack that can fly 4 kilometers
A Chinese company has tested a jetpack that can fly up to 200 meters high and 4 kilometers far in Guangzhou, the capital city of south China’s Guangdong Province, on Thursday.
The jetpack, developed by Guangdong XPeng Aeroht, is the brainchild of Liu Dongsheng, an expert working for the company.
Liu said the jetpack could perform various maneuvers such as moving in any direction, turning and braking, with a full tank of fuel. However, the flight time was only 3 to 5 minutes.
Xinhua News Agency correspondents reporting from Guangzhou, China.(XHTV)