Connect with us

Media

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ တံတားပြိုကျမှုအတွင်း သေဆုံးသူအရေအတွက် ၂၆ ဦးအထိ မြင့်တက်

နယူးဒေလီ ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ ရထားလမ်းတံတားပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် ဩဂုတ် ၂၃ ရက်တွင် ၂၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဖုန်းဖြင့် အတည်ပြုဖြေကြားခဲ့သည်။

မီဇိုရမ်ပြည်နယ် မြို့တော် Aizawl ၏ အနောက်မြောက်ဘက် ၂၁ ကီလိုမီတာခန့်အကွာရှိ Sairang မြို့ရှိ ဆောက်လုပ်ဆဲတံတား ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်ရှိတဲ့ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိနိုင်ဖို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဩဂုတ် ၂၄ ရက်မှာ ပြန်လည်စတင်သွားမှာပါ”ဟု ရဲအရာရှိက ထည့်သွင်းပြောကြားခဲ့သည်။
သေဆုံးသွားခဲ့သူများအားလုံးမှာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တံတားပြိုကျသည့်အကြောင်းရင်းအား လတ်တလောတွင် သိရှိရခြင်း မရှိသေးဟု ဆိုသည်။ (Xinhua)

…………………………………
(English Version)
India’s Mizoram bridge collapse death toll rises to 26
The death toll in the railway bridge collapse incident in India’s northeastern state of Mizoram rose to 26 on Wednesday, confirmed a police cop over the phone.
The under-construction bridge had collapsed in the Sairang town, around 21 km northwest of the state capital Aizawl.
“As many as 19 dead bodies have been recovered, and the rescue work to retrieve the rest of the dead bodies will resume on Thursday,” added the cop.
He said all the dead were laborers who were working at the site.
The cause of the bridge collapse could not be immediately known.
Xinhua News Agency correspondents reporting from New Delhi.(XHTV)