Connect with us

Media

တရုတ်နိုင်ငံအလယ်ပိုင်း ယွမ်ကျန်းမြို့၌ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်

ချန်ရှား ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ယွမ်ကျန်းမြို့၌ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက် ရှိနေကြောင်း သိရသည်။

ယွမ်ကျန်းမြို့၌ အလုံးစုံပြုလုပ်ထား၍ အသစ်တည်ဆောက်ထားသော အပျော်စီးသင်္ဘောသုံးစင်းအား အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ဒူဘိုင်းမြို့သို့ စက်တင်ဘာ ၁ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်ပထမနှစ်ဝက်အတွင်းမှာ အမှာစာ ၆ ခု ကျွန်တော်တို့ ရရှိထားပါတယ်။ အဲဒီမှာယူမှုအားလုံးက ဒူဘိုင်းကပဲ ဖြစ်ပါတယ်”ဟု အပျော်စီးသင်္ဘော ဒီဇိုင်းအင်ဂျင်နီယာ ZHANG CHAOWEN က ပြောကြားခဲ့သည်။

သင်္ဘောတည်ဆောက်ရေးသည် ယွမ်ကျန်းမြို့အတွက် အဓိကလုပ်ငန်းတစ်ခု ဖြစ်ပြီး ယခင်နှစ်တွင် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၀.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ) ရှိကြောင်း သိရသည်။

ယွမ်ကျန်းမြို့သည် ယခုအခါတွင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ၊ ယင်းနှင့်ဆက်စပ်သည့် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ၅၉ ခု အခြေစိုက်နေရာ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Shipbuilding industry booming in central China’s Yuanjiang City
The shipbuilding industry is booming in Yuanjiang City, Central China’s Hunan Province.
On Friday, three newly built yachts, all made in Yuanjiang City, were shipped to Dubai, the United Arab Emirates (UAE).
SOUNDBITE (Chinese): ZHANG CHAOWEN, Design engineer of the yachts
“We’ve got six orders in the first half of this year, all from Dubai.”
Shipbuilding is a pillar industry for Yuanjiang City, with an output value of over 10.5 billion yuan (1.49 billion U.S. dollars) last year.
Yuanjiang is now home to 59 companies dedicated to shipbuilding and related supporting businesses.

Xinhua News Agency correspondents reporting from Changsha, China.
(XHTV)