Connect with us

Media

အသက် ၆၀ ကျော် အဖိုးအဖွား ၃၀၀ ဦးအတွက် ဆန် တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်ကတ် ၁၀၀ ကျပ်ဖြင့် စတုတ္ထအကြိမ်မြောက် ထပ်မံရောင်းချပေး

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အသက် ၆၀ ကျော်အဖိုးအဖွား ၃၀၀ ဦး အတွက် ဆန် တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်ကတ် ၁၀၀ ကျပ်ဖြင့် Aladdin Men Fashion ဆိုင်မှ ၄ ကြိမ်မြောက်အဖြစ် သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၄ ရက်) ထပ်မံရောင်းချပေးခဲ့သည်။

“ဆန် တစ်ပြည်နဲ့ ကြက်ဥ ၁၀ လုံးတို့ကို အဖိုးအဖွား ၃၀၀ စာအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်၊ လာရောက် ဝယ်ယူသူ ထပ်မံတိုးလာပါက စုစုပေါင်း အယောက် ၅၀၀ စာ ကြိုတင်စီမံထားတယ်” ဟု Aladdin Men Fashion ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်ကိုလတ်က ဆင်ဟွာသို့ စက်တင်ဘာလ ၄ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်၂၇ ရက်ကလည်း လူတစ်ဦးလျှင် ကြိုက်တာယူ ၁၀၀ ကျပ်ဖြင့် ဆန်နှင့် ကြက်ဥများကိုAladdin Men Fashion ဆိုင်က ရောင်းချပေးကြောင်း သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.