Media
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း ကျပ် ၄၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်မှောင်ခိုဂိုဏ်းအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ် ၄၈ ဘီလီယံကျော် တန်ဖိုးရှိ ICE (စိတ်ကြွဆေးပြား) ၁၈၇၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်းနှင့် မူးယစ်မှောင်ခိုဂိုဏ်းအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား ဇူလိုင် ၁၂ ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး သံသယရှိသူ ၉ ဦးအား ရန်ကုန်၊ ပဲခူးနှင့် မန္တလေး တိုင်းဒေသကြီးများတွင် ဇူလိုင် ၁၂ ရက်မှ ၁၇ ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း မူးယစ်ဆေးဝါးများသည် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
သံသယရှိသူများကို ဥပဒေနှင့်အညီ အရေးယူထားပြီး ကျန်တရားခံများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)