Videos
ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၄၀၀၀ ကျော် ရှိ တွင်းနက်ကြီးတစ်ခုကို ရှာဖွေ ဖော်ထုတ်

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)
တရုတ်လူမျိုးသုတေသီများဦးဆောင်သည့် အဖွဲ့သည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၄၀၀၀ ကျော် ရှိ တွင်းနက်ကြီး တစ်ခုကို အံ့ဖွယ် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြသည်။ တွင်းနက်ကြီးများသည် ထုထည်ကြီးမားသည့် ကြယ်စင် များ ပြိုကွဲပျက်စီးရာမှ ဖြစ်ပေါ်လာသော စကြာဝဠာရှိ အစိတ်အပိုင်းများဖြစ်သည်။ တွင်းနက်ကြီးများ မှာ ထုထည်သိပ်သည်းလွန်းသောကြောင့် အလင်းပင် ဖြတ်သန်းနိုင်စွမ်းမရှိချေ။ Milky way ကြယ်စုမှာ တွင်းနက် ကြယ်စင်အစုအဝေး သန်းပေါင်း ၁၀၀ ခန့် ပါဝင် ဖွဲ့စည်းထားကြောင်းသိရသည်။ (Xinhua)
Continue Reading