Videos
ကမ္ဘာ့ပထမဆုံးခရီးသည်တင် ဒရုန်း စမ်းသပ်မောင်းနှင်
နီဗားဒါး၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံပိုင် ehang ကုမ္ပဏီက 184 အမည်ရ ကမ္ဘာ့ပထမဆုံးခရီးသည်တင် ဒရုန်းကို အမေရိကန် ပြည်ထောင်စု နီဗားဒါးတွင်စမ်းသပ်မောင်းနှင်ခဲ့သည်။ တစ်ကြိမ်လျင် ခရီးသည် တစ်ဦးကိုသာတင်ဆောင် နိုင်မည်ဖြစ်ပြီး ပန်ကာ ၈ လုံးနှင့် လက်တံ ၄ ခု ပါဝင်သည်။ ခရီးသည် တစ်ဦး၏ အလေးချိန် (ပေါင်၂၂ဝ အောက်) ကို ခံနိုင်ရည်ရှိစေဖို့ရည်ရွယ်တည်ဆောက်ထားသည်။ ပျံသန်းချိန် ၂၃ မိနစ်ကြာပျံသန်းနိုင်ပြီး ၁ဝ မိုင်အထိ မောင်းနှင်နိုင်သည်။ အလိုအလျောက်မောင်းနှင်နိုင်သည့် ခရီးသည်တင်ယာဉ်သည် ပင်လယ်ပြင် မျက်နှာပြင် အထက် ပေ ၁၁ဝဝဝ အထိ ပျံသန်းနိုင်သည်။ အဆိုပါယာဉ်တွင် ဘေးကင်းစေမည့်စနစ်ကိုပါ တပ်ဆင်ထား ကြောင်း ကုမ္ပဏီကဆိုသည်။ အကယ်၍ စက်ပစ္စည်းတစ်စုံတစ်ခုချွတ်ယွင်းပါက drone မှာ အနီးဆုံးရှိ အန ္တရာယ်ကင်းသည့်နေရာသို့ အလိုအလျောက်ဆင်းသက်ပေးမည့်စနစ်လည်းပါဝင်သည်။ ehang 184 အား အမေရိကန်ပြည်ထောင်စု နီဗားဒါးတွင်အောင်မြင်စွာစမ်းသပ်ပြီးဖြစ်သည်။ (Xinhua)