Connect with us

Videos

ကမ္ဘာ့ပထမဆုံး ငါးလှောင်ကန်အတွင်းမွေးဖွားခဲ့သည့် ဆူးတောင်မဲ့ ယန်ဇီ လင်းပိုင်တစ်ကောင် ၏ရုပ်သံ

ဝူဟန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဆူးတောင်မဲ့ ယန်ဇီ လင်းပိုင် တစ်ကောင်အား ငါးလှောင်ကန် အတွင်း မွေးဖွားခဲ့သည့် ရုပ်သံကို မှတ်တမ်းရိုက်ကူးထားနိုင်ခဲ့သည်။ ယခုအခါ ၎င်းလင်းပိုင်လေးမှာ  အသက်  ၅ လ ရှိပြီဖြစ်ပြီး F9C ဟု အမည်ပေးထားကာ ၎င်းမှာ ကမ္ဘာ့ ပထမဆုံး ငါးလှောင်ကန်အတွင်း မွေးဖွားခံရသည့် ဆူးတောင်မဲ့ ယန်ဇီ လင်းပိုင်တစ်ကောင်ဖြစ်လာသည်။ ဆူးတောင်မဲ့ လင်းပိုင်မျိုးစိတ်တွင် ယန်ဇီ ဆူးတောင်မဲ့ လင်းပိုင်မျိုးစိတ်မှာ  ရေချိုတွင် ရှင်သန်ပေါက်ဖွားသည့် တစ်ဦးတည်းသော မျိုးစိတ်ခွဲဖြစ်လာပြီး ၎င်းမျိုးစိတ်ကို ယန်ဇီမြစ်ကြောင်းအလယ်နှင့် မြစ်အောက်ပိုင်းတွင်သာ တွေ့နိုင်မည်ဖြစ်ကာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၅ သန်းကျော်ကတည်းက နေထိုင်ကျက်စားခဲ့ကြသည့် မျိုးစိတ်လည်းဖြစ်ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.