Connect with us

Videos

ကမ္ဘာ့ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု တရုတ်လွှတ်တင်

ပေကျင်း၊ မေ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစခန်းမှမြေပြင်ကို သတင်းအချက်အလက် များပို့ဆောင်ပေးမည့် လကမ္ဘာလေ့လာရေးဂြိုဟ်တု Queqiao ကို မေလ ၂၁ ရက်နေ့ မနက်အစောပိုင်းက လွှတ်တင်ခဲ့ကြောင်းသိရသည်။ လွှတ်တင်ပြီး ၂၅ မိနစ်အကြာတွင် Queqiao က ၎င်းအားသယ်ဆောင်လာသော Long March 4C ဒုံးပျံမှ ခွဲထွက်ကာ ကမ္ဘာမြေမှ လကမ္ဘာသို့ ရောက်ရှိမည့် ဂြိုဟ်ပတ်လမ်းအတွင်းဝင်ရောက်သွားခဲ့ကာ ဆိုလာပြားများနှင့် ဆက်သွယ်ရေးအင်တာနာများပွင့်ထွက်ပြီး လကမ္ဘာ ကိုလေ့လာသည့်လုပ်ငန်းဆောင်ရွက်မှုစတင်ခဲ့သည်။ Queqiao မှာ ကမ္ဘာ့ပထမဆုံး ဂြိုဟ်ပတ်လမ်းအတွင်းလုပ်ငန်း ဆောင်ရွက်သည့် ဆက်သွယ်ရေးဂြိုဟ်တုတစ်ခုဖြစ်လာမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.