Connect with us

Videos

ကမ္ဘာ့ပထမဆုံး လေးလမ်းမောင်းစနစ် ပင်လယ်ရေအောက် ဥမင်လမ်း

ကွမ်တုန်း၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့်-ကျုံးရှန် ပင်လယ်ကူးတံတားကြီး တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထိုတံတားကြီးသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် လမ်းပန်းဆက်သွယ်ရေး အချိတ်အဆက်တစ်ခုလည်းဖြစ်သည်။ ထိုပင်လယ်ကူးတံတားစီမံကိန်းထဲတွင် အရှည် ၆.၈ ကီလိုမီတာ ရှိသော ရေအောက်ဥမင်တစ်ခု နှင့် လူလုပ်ကျွန်းတု နှစ်ခု ပါဝင်သည်။

၎င်းရေအောက်ဥမင်သည် ကမ္ဘာ့ပထမဆုံး အသွားအပြန်လေးလမ်းမောင်းစနစ် ထည့်သွင်းတည်ဆောက်ထားသည့် ပင်လယ်ရေအောက် အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်သည်။ အဆိုပါလမ်းကြီးကို ၂၀၂၄ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားသည်။ပင်လယ်ကူးတံတားကြီးကို အသုံးပြုပြီး သွားလာပါက မြို့နှစ်မြို့အကြား ယခင်က ၂ နာရီ ကြာမြင့်ခဲ့သည့် ခရီးကို မိနစ် ၃၀ အတွင်းရောက်ရှိနိုင်မည်ဖြစ်သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.