Connect with us

Videos

ကင်ဆာဆဲလ်များကို ရှာဖွေနိုင်သည့် မိုက်ခရိုနာနိုစက်ရုပ်များအားတရုတ်သုတေသီများတီထွင်

စိန်ရန်၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း Shenyang Institute of Automation တွင် တရုတ်သုတေသီများက ကင်ဆာဆဲလ်များကို ရှာဖွေထောက်လှမ်းနိုင်သည့်  အသေးတကာ့အသေးဆုံး မိုက်ခရိုနာနိုစက်ရုပ်များ ကိုတီထွင်ခဲ့သည်။ ထိုစက်ရုပ်များကို လူသားများ၏ ဆဲလ် များနှင့် အလင်းရောင် တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ 

“ဥပမာပြောရရင်တော့ ဒီ ပုလင်းသေးသေးလေးထဲမှာ စက်ရုပ်ပေါင်း သန်း ရာနှင့်ချီပြီး ရှိပါတယ် ဒါပေမဲ့ သူတို့ကို သာမန်မျက်စိနဲ့ ကြည့်လို့တော့ မမြင်နိုင်ပါဘူး “ ဟု သုတေသီ  liu lianQing က ဆိုသည်။ 

 liu  က “ကျွန်တော်တို့ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာမြင်နေရတာတော့ သူတို့ကို အလင်းရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေက ပုံမှန်ဆဲလ်တွေမသွားနိုင်တဲ့  အမြန်နှုန်းနဲ့ လည်ပတ်နေတာကိုတွေ့ရမှာပါ၊ အဲဒီလိုနဲ့ စက်ရုပ်တွေက အလင်းကို အသုံးပြုပြီး သာမာန်ဆဲလ် နဲ့ ကင်ဆာဆဲလ်ကို သိသာထင်ရှားစွာနှင့် တိကျစွာ ခွဲခြားနိုင်တာပါ၊ ပြီးတာနဲ့ အလင်းရောင်ထွက်လာတာပါ “ ဟု ဆိုသည်။ 

အဆိုပါ ဆဲလ်စက်ရုပ်များသည် ရွေ့လျားမှုအားထိန်းချုပ်နိုင်ပြီး တိကျသည့် လုပ်ဆောင်မှုများကိုဆောင်ရွက်နိုင်သည်။ စက်ရုပ်များအား တိကျသည့် ဇီဝဗေဒဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဆောင်ရွက်ပြီးနောက် လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း တွင်ကျယ်စွာအသုံးပြုလာနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.