Connect with us

Videos

ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်း၏  အမှတ် ၃ ဥမင် တစ်ဖက်ထိပ်ဝထိ ဖောက်လုပ်ပြီးစီး

ဂျကာတာ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်းကွန်ရက်၏ အမှတ် ၃ ဥမင်ကို ဧပြီ ၂၆ ရက်တွင် တစ်ဖက်ထိပ်ဝအထိ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထိုဥမင်သည် အင်ဒိုနီးရှားနိုင်ငံတွင် ဝါလီနီ ဥမင်နှင့် ဥမင်အမှတ် ၅ ပြီးနောက် ဖောက်လုပ်သည့် တတိယမြောက် ဥမင်လည်းဖြစ်သည်။ ၎င်းဥမင်သည် ၇၃၆ မီတာအရှည်ရှိကာ အနက် ၅.၈ မီတာမှ ၆၀.၅ မီတာ  အထိ အနိမ့်အမြင့် အတက်အကျ အလိုက် ဖောက်လုပ်ထားသည်။၂၀၁၉ ခုနှစ် ဧပြီ ၁၃ ရက်မှ စတင်ကာ တရုတ်နိုင်ငံ Power Construction Corporationမှ  JBSHRစီမံကိန်းအဖြစ် တာဝန်ယူဖောက်လုပ်ထားသည့် စီမံကိန်းဖြစ်သည်။ ဥမင်တစ်လျှောက်တွင် မြေသားအခြေအနေနှင့် မိုးသစ်တောရာသီဥတုများကြောင့် ဥမင်ပြိုကျခြင်း မဖြစ်ပွားရအောင် Power Construction Corporation အဖွဲ့မှ တာဝန်ယူဖြေရှင်းပေးခဲ့သည်။ JBSHR စီမံကိန်းသည် အရှည်အားဖြင့် ၁၄၂.၃ ကီလိုမီတာရှိပြီး ၎င်းလမ်းပိုင်းပေါ်တွင် ဥမင်ပေါင်း ၁၃ ခုပါဝင်ကြောင်း နှင့် တစ်နာရီ ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်မည့် ရထားလမ်းစီမံကိန်းဖြစ်သည်။ ဂျကာတာနှင့် ဘန်ဒေါင်းကို ယခင်က အချိန် ၃ နာရီကျော်ကြာ သွားလာခဲ့ရာမှ အဆိုပါ မြန်နှုန်းမြင့်ရထားလမ်းပြီးစီးသွားပါက မိနစ် ၄၀ အတွင်း ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.