Connect with us

Videos

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့အပြီး တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆု အများဆုံးဖြင့် ဦးဆောင်

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ပထမနေ့နိုဝင်ဘာ ၁၇ ရက်နေ့ပွဲစဉ်များ အပြီး တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ရွှေတံဆိပ်ဆု ၆ ဆုဖြင့် အများဆုံး ရရှိကာ ဦးဆောင်ထားလျက် ရှိနေကြောင်း သိရသည်။

ပြိုင်ပွဲ ပထမနေ့ ယှဉ်ပြိုင်မှုများ အပြီး ရွှေတံဆိပ်ဆုများအား တရုတ် နိုင်ငံမှ ၆ ဆု ၊ တရုတ် ဟောင်ကောင် မှ ၃ ဆု ၊ မလေးရှား နိုင်ငံမှ ၂ ဆု နှင့် တရုတ် မကာအို မှ ၁ ဆု ရရှိခဲ့သည်။ ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များ အပြီး အိမ်ရှင် မြန်မာ နိုင်ငံ အနေဖြင့် အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် ငြိမ်းချမ်းကိုကို က ကြေးတံဆိပ် ၁ ခု ၊ အမျိုးသမီး နန်သောင်း(Nandao) ပွဲစဉ်တွင် အေးသစ္စာမြင့်က ငွေတံဆိပ် ၁ ခု ဖြင့် အသီးသီး ရရှိထားကြောင်း သိရသည်။

ပြိုင်ပွဲဝင် နိုင်ငံများ အလိုက် ဆုရရှိမှုများ အနေဖြင့် ငွေတံဆိပ်ဆုများအား တရုတ် တိုင်ပေ မှ ၂ ဆု ၊ ဂျပန် မှ ၂ ဆု နှင့် စင်ကာပူ ၊ ယူကရိန်း ၊ ဗီယက်နမ် ၊ မလေးရှား ၊ တရုတ် ဟောင်ကောင် ၊ ရုရှား ၊ မကာအို ၊ မြန်မာ တို့မှ ၁ ဆုစီ ရရှိထားပြီး ကြေးတံဆိပ်ဆုများအား တရုတ် မကာအို မှ ၃ ခု ၊ အမေရိကန်မှ ၂ ခု နှင့် မြန်မာ ၊ စင်ကာပူ ၊ ရုရှား ၊ ကိုရီးယား ၊ စပိန် ၊ တရုတ် ဟောင်ကောင် ၊ မလေးရှား တို့မှ ၁ ဆုစီ ရရှိထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.