Connect with us

Media

ရိုဒရီက ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာသော်လည်း ပုံမှန်ခြေစွမ်းပြန်ရရန် အချိန်ယူရမည်

အော်လန်ဒို၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီက ၎င်းအနေဖြင့် ဒဏ်ရာပျောက်ကင်းပြီးနောက် လက်ရှိကျင်းပနေသော ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း၏ အဖွင့်ပွဲစဉ်နှစ်ပွဲ၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနေပြီ ဖြစ်သော်လည်း အကောင်းဆုံးပုံစံကို ပြန်လည်ရရှိရန် အချိန်ယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။
စပိန်လက်ရွေးစင်ကစားသမား ရိုဒရီမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် ပြင်းထန် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိပြီးနောက် ပြီးခဲ့သည့်ရာသီ၌ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ရာသီ နှောင်းပိုင်းတွင် အသင်းအတွက် ခေတ္တပါဝင်ကစားခဲ့ပြီးနောက် အမေရိကန်တွင် ကျင်းပလျက်ရှိသည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၎င်း၏ ကြံ့ခိုင်မှုအခြေအနေမှာ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်သည်။
“ကျွန်တော် ဒီမှာရှိနေရတာ အရမ်းကျေနပ်မိသလို အရမ်းလည်းပျော်ပါတယ်။ ဘောလုံးပြန်ကစားဖို့အတွက်ဆိုရင် ဒါက သိပ်ကောင်းတဲ့ ပြိုင်ပွဲတစ်ပွဲပါပဲ။ အသင်းနဲ့ ပြန်ပြီးပူးပေါင်းနိုင်တဲ့အတွက် တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်” ဟု ဂျူဗင်တပ်စ်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရိုဒရီက ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အတော်လေး ကြံ့ခိုင်မှုရှိနေပြီလို့ ခံစားမိပါတယ်။ ဒီလုပ်ငန်းစဉ်က အချိန်ကြာသွားပေမဲ့ ကျွန်တော် အချိန်ယူနေရတုန်းပါပဲ။ အရေးအကြီးဆုံးကတော့ စိတ်ဓာတ်မကျဘဲ အာရုံစူးစိုက်ထားပြီး သန်သန်မာမာရှိဖို့ပါပဲ” ဟု ရိုဒရီက ၎င်း၏ ကြံ့ခိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ ပြောပြခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117