Connect with us

Videos

ကမ္ဘာ့အကြီးဆုံးကုန်းရေ နှစ်မျိုးသွားလေယာဉ်ကြီး

ကျူးဟိုင်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကျူးဟိုင်တွင် တရုတ်နိုင်ငံထုတ် kunlong AG600 ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းမှာ ကုန်းရေ နှစ်မျိုးသွားလာနိုင်ပြီး အကျယ်အဝန်းမှာ ၃၉ မီတာ အထိကျယ်ပြန့်သောကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးသွားလေယာဉ်ကြီးဖြစ်လာခဲ့သည်။

လေယာဉ်ကြီး မှာ မကြာမီ တရုတ်နိုင်ငံအလယ်ပိုင်း Jingmen ရှိ ရေပြင်တွင် ပထမဆုံး ဆင်းသက်မည်ဟုလည်းသိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်းစမ်းသပ်မောင်းနှင်မှုများပြုလုပ်ခဲ့ပြီးဖြစ်သည့် AG600မှာ ပြည်တွင်းဖြစ် turboprop အင်ဂျင်လေးလုံးတပ်ဆင်ထားပြီး ကီလိုမီတာ ၄၅ဝဝ အကွာအဝေးအထိ ပျံသန်းနိုင်မည်ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားပါက စက္ကန့်၂ဝအတွင်း ငြှိမ်းသတ်နိုင်ရန် ရေတန်ချိန်ပေါင်း၁၂ တန်နှင့်လူပေါင်း ၅ဝ ခန့်အထိတင်ဆောင်သွားနိုင်သည်။

ရေကြောင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် တောမီးများကိုငြှိမ်းသတ်ရာ တွင် ထိုလေယာဉ်ကြီးကိုအဓိကထားအသုံးပြုမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.