Connect with us

Videos

ပိုးလမ်းမတစ်လျှောက်နိုင်ငံများဆီသို့ ကုန်စည်အဓိကဖြန့်ဖြူးပေးသည့်စင်တာကြီး

ရှင်းကျန့်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်းရှင်းကျန့်ရှိ အူရွန်ချီ ကုန်စည်ရထားထိန်းသိမ်းရေးစင်တာသည် ခေတ်သစ်ပိုးလမ်းမကြီးလမ်းကြောင်း တစ်လျှောက်ရှိနိုင်ငံများဆီသို့ ကုန်စည်အဓိကဖြန့်ဖြူးပေးနိုင်သည့် အဓိကကျသည့် ကုန်စည်ဖြန့်ဖြူးရေးစင်တာတစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံတွင် ခေတ်သစ်ပိုး လမ်းမကြီး အစပျိုးဖော်ဆောင်မှုစတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ထို စင်တာမှ ကုန်စည် ရထားပေါင်း ၁၄၄ဝ ကျော် ပို့ဆောင်ခဲ့သည်။ အဆိုပါ စင်တာတွင်နေ့စဉ် ပစ္စည်းအမျိုးအမည်ပေါင်း ၂ဝဝ ကျော် ကုန်စည် တန်ချိန်ပေါင်း ၃၆ဝဝ တန် ကို လမ်းကြောင်း ၁၉ ကြောင်းမှ တစ်ဆင့်အာရှတိုက် နိုင်ငံပေါင်း၁၇ နိုင်ငံရှိ မြို့ပေါင်း၂၄ မြို့ နှင့် ဥရောပတိုက်ရှိ မြို့များသို့ပို့ဆောင် ခြင်းဖြစ်သည်။

လူသုံးကုန်၊ အဝတ်အထည်များ အပြင် လျှပ်စစ်ပစ္စည်းများကိုပါ ပို့ဆောင်ခြင်းဖြစ်ပြီး ဥရောပတိုက်နိုင်ငံများဆီသို့ ပို့ဆောင်ရာတွင်ကြာချိန် ၁၅ ရက်ရှိ ပြီး အာရှတိုက်နိုင်ငံများဆီသို့ ပို့ဆောင်ချိန်မှာ ၄၄ နာရီမှ ၆၆ နာရီအကြား ကြာမြင့်သည်ဟုသိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.