Connect with us

Videos

ကမ္ဘာ့အကြီးဆုံးထောက်တိုင်မဲ့ ချားရဟတ်ကြီး တည်ဆောက်ပြီးစီး

ရှန်တုံ၊ မေ၂ဝရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှန်တုံပြည်နယ် ဝေ့ဖန်မြို့ရှိ ပေ့လန်မြစ်ပေါ်တွင် ကမ္ဘာ့အကြီးဆုံးထောက်တိုင်မဲ့ ချားရဟတ်ကြီး အားတည်ဆောက်ပြီးစီးပြီးဖြစ်ကြောင်းသိရသည်။ ၎င်းသည် အမြင့်ပေပေါင်း ၁၄၅ မီတာ မြင့်ပြီး ယခင်က ကမ္ဘာ့အမြင့်ဆုံးဟုသတ်မှတ်ခဲ့သည့် လန်ဒန်မျက်လုံး ဟုခေါ်ကြသောနာမည်ကျော်ထောက်တိုင်မဲ့ ချားရဟတ်ကြီး ထက်ပင် ၁ဝ မီတာ ပိုမြင့်သည်။ ၎င်းတွင် လူစီးထိုင်ခုံတွဲပေါင်း ၃၆ ခုကို တပ်ဆင်ထားပြီး ထိုင်ခုံတစ်တွဲလျင်လူ ၁ဝ ဦးစီလိုက်ပါစီးနင်းကာရှုမျှေ်ာခင်းများကို ခံစားရနိုင်သည်။ စက်ဝိုင်းတစ်ပတ်လည်ရန်အတွက် နာရီဝက် အချိန်ယူရမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.