Connect with us

Videos

မဒေးကျွန်းမှ ပို့လွှတ်ခဲ့သည့် နိုင်ငံတကာဈေးကွက်မှ ရေနံစိမ်းများ နမ့်ခမ်း စခန်းသို့ ရောက်ရှိ

နမ့်ခမ်း ၊ မေ ၂ဝ ရက်(ဆင်ဟွာ)

မဒေးကျွန်းမှ မေလ ၂ ရက်တွင် စတင် ပို့လွှတ်ခဲ့သည့် နိုင်ငံတကာဈေးကွက်မှ ရေနံစိမ်းများသည် မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း နမ့်ခမ်း တိုင်းတာရေး စခန်းသို မေ ၁၉ ရက် တွင် ရောက်ရှိ ခဲ့သည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်း ပို့ဆောင်ရေး သဘောတူ စာချုပ်ကို ယခု ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်တွင် နှစ်နိုင်ငံ တရားဝင် စာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်း စတင် လည်ပတ်ခဲ့ပြီး နိုင်ငံတကာ ဈေးကွက်မှ ရေနံစိမ်းကို မဒေးကျွန်း ဆိပ်ကမ်းတွင် လွှဲပြောင်းခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနံ ပိုက်လိုင်း ပါဝင်ပြီး ၂၀၁၀ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် ရေနံပိုက်လိုင်းကို မြန်မာ့ ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ( MOGE ) နှင့် တရုတ် CNPC တို့မှ အကျိုးတူ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်တွင် စီမံကိန်း တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.