Connect with us

Videos

ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ် ကြီးကိုပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ပုံများ

ကွေ့ကျိုး၊ စက်တင်ဘာ ၂ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ် ကြီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် ဟီလီယံ ဓါတ်ငွေ့ ထည့်သွင်းထားသည့် မိုးပျံပူဖောင်းနှင့် ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်မည့် ပညာရှင်တို့ တွဲဖက်ကာ စစ်ဆေးပြင်ဆင်မှုများပြုလုပ်ရကြောင်းသိရသည်။ ၎င်း ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ်ကြီးကို စတင်တပ်ဆင်သည့် ၂ဝ၁၇ ခုနှစ်မှ ယနေ့အထိ ကြယ်စုအသစ်ပေါင်း ၉၃ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သုတေသီများက သြဂုတ် ၃ဝ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဘောလုံးကွင်း ၃ဝ ကွင်းစာနှင့်ညီမျှသည့်အကျယ်အဝန်းရှိပြီး ပန်းကန်လုံးသဏ္ဍန်ရှိ သော ၎င်း ရေဒီယိုတယ်လီစကုတ်ကြီး၏ အတွင်းပိုင်းသို့ ပြင်ဆင်မှုများပြုလုပ်ရန်၂ဝ၁၇ ခုနှစ်ကတည်းက သုတေသီများက ကမ္ဘာ့ဆွဲငင်အားကို ဆန့်ကျင်နိုင်သည့် ဟီလီယံ ဓါတ်ငွေ့ ဖြင့် ထည့်သွင်းထားသည့် မိုးပျံပူဖောင်းနှင့် တွဲဖက်ဆောင်ရွက်ခဲ့သည်ဟုသိရသည်။ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ် ကြီးကို ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ပုံအဆင့်ဆင့်ကို ဆင်ဟွာသတင်းဋ္ဌာနက ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.