Connect with us

Videos

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဖွားဖွား ကွယ်လွန်

ချုံချင့်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဖွားဖွား Xinxing သည် အသက် ၃၈ နှစ် အရွယ်တွင် တရုတ်နိုင်ငံ ချုံချင့်မြူနီစပယ်ဒေသရှိ တိရစ္ဆာန်ရုံ၌ ကွယ်လွန် ခဲ့သည်။ပန်ဒါများ၏ အသက် ၃၈ နှစ်မှာ လူသားတို့အတွက် သက်တမ်း နှစ်ပေါင်း ၁၁၀ ကျော်နှင့်ညီမျှသည်။

ပန်ဒါဖွားဖွား Xinxing ကို ၁၉၈၂ ခုနှစ်တွင် စီချွမ်းပြည်နယ် Baoxing ကောင်တီတွင်မွေးဖွားခဲ့သည်။အသက် ၁ နှစ်အရွယ်တွင် ချုံချင့်တိရစ္ဆာန်ရုံ သို့ရောက်ရှိခဲ့သည်။Xinxing သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အသက်ရှုမဝခြင်း၊ လေးလံထိုင်းမိုင်ခြင်းနှင့် အစာမဝင်ခြင်း စသည့် ဝေဒနာများ စတင်ခံစားလာရသည်။သူ့အားကျန်းမာရေးစောင့်ရှောက်မှုများစွာပေးခဲ့သော်လည်း အခြေအနေဆိုးဝါးလာခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် သေဆုံးခဲ့သည်။

Xinxing သေဆုံးရခြင်း၏ ဇစ်မြစ်ကို လေ့လာစစ်ဆေးရာ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနှင့် အိုမင်းခြင်းတို့ကြောင့်ဖြစ်ကြောင်းတိရစ္ဆာန်ရုံမှ သတင်းထုတ်ပြန်သည်။Xinxing သည် ပန်ဒါပေါင်း ၁၅၃ ကောင် ၏ မျိုးနွယ်စုမိခင်ကြီးလည်းဖြစ်သည်။
သူ၏ အနွယ်အဖွားများမှာတရုတ်နိုင်ငံတဝန်းလုံး၌သာမက အမေရိကန်၊ဂျပန်နှင့် ကနေဒါနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံနှင့်ဒေသအသီးသီးတွင် ပြန့်နှံ့ရောက်ရှိနေကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.