Videos
ကမ္ဘာ့ အန္တရာယ်အများဆုံးအကွေ့အကောက်၉၉ ခုရှိတောင်ကြားလမ်းကို ၁၈မိနစ်အတွင်း စကိတ်စီးဖြတ်သန်း
ကျန်းကျားကျဲ၊ မေ ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်းကျန်းကျားကျဲရှိ ထျန်းမင်တောင်ကြားလမ်းမှာ တောင်စောင်းတစ်လျှောက် အကွေ့အကောက်ပေါင်း၉၉ ခုရှိကာ ကမ္ဘာ့ အန္တရာယ်အများဆုံးလမ်းတစ်ခုဖြစ်သည်။ မေလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား ထိပ်တန်းစကိတ်အားကစားသမား တစ်ဦးဖြစ်သူ Qing Yunhui ဆိုသူက လမ်းအရှည် ၁၁ ကီလိုမီတာနီးပါးရှိပြီး အကွေ့အကောက်ပေါင်း ၉၉ ခု ဖြင့် အန္တရာယ်များလှသည့် ထိုတောင်ကြားလမ်းတစ်လျှောက် အချိန် ၁၈ မိနစ် အတွင်းအောင်မြင်စွာ စကိတ်စီးဖြတ်သန်းပြနိုင်ခဲ့သည်။၎င်း၏ ရင်သပ်ရှုမောဖွယ် စကိတ် ခရီးစဉ်ကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါသည်။(Xinhua)