Videos
ကျောက်ဖြူ ဒေသ ဖွံ့ဖြိုးရေး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး သွားရောက် လေ့လာ
ကျောက်ဖြူ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ မြို့နယ် ဒေသ ဖွံဖြိုးရေး အခြေအနေ များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ဇွန် ၅ ရက်တွင် သွားရောက် လေ့လာ ခဲ့ကြပြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း အပါအဝင် မြို့နယ် တာဝန်ရှိသူများနှင့် ဦးစွာ တွေ့ဆုံ၍ ဒေသ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ၊ စိုက်ပျိုးရေးနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အတူ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေး ဇုန်နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် CITIC Group နှင့် SEAGP/SEAOP ကုမ္ပဏီ မှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူ အ.ထ.က(၁)ကျောင်းနှင့် မလတ်ကျွန်း ကျေးရွာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသူကျောင်းသားများအား ကျောင်းသုံးဗလာစာအုပ်များ နှင့် အသုံးအဆောင် ထီးတို့ကို ပေးအပ်ခဲ့ပြီးဒေသခံ ရွာသူရွာသားများ နှင့် တွေ့ဆုံ၍ ကျေးရွာ ဖွံ့ဖြိုးမူ အခြေအနေများအား မေးမြန်း လေ့လာခဲ့သည်။
ထ့ိုနောက် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူ ဒေသရှိ တရုတ် ကုမ္ပဏီများ ရင်းနှီး မြုပ်နှံမှုများ လုပ်ကိုင် ဆောင်ရွက်နေသည့် စီမံကိန်း နေရာ များသို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။(Xinhua)